Billiver တိုင်းပြည်က Wilkesa ရော Fetani နဲ့ပါ သတ္တုတူးဖော်စာချုပ်ချုပ်လိုက်ပါတယ်။ Haiyang ကြယ်အစုအဝေးတစ်ခုလုံးအတွက် တရားဝင်စာချုပ်မဟုတ်ဘဲ အစမ်းချုပ်ဆိုတဲ့စာချုပ်သဘောမျိုးပါပဲ။ စာချုပ်ထဲကလို ကတိပေးထားတဲ့အတိုင်း လုပ်နိုင်တဲ့နိုင်ငံကို တွေ့ရပြီဆိုမှ သူတို့က တရားဝင်စာချုပ်ကို နောက်မှ ထပ်ချုပ်မှာဖြစ်ပါတယ်။
Fetani ရဲ့သတ္တုတူးဖော်ကိရိယာက အဆင်သင့်ဖြစ်နေပါပြီ။ သူတို့ စာချုပ်မှာ လက်မှတ်ရေးထိုးပြီးတာနဲ့ ကိရိယာတွေကို မြို့တော်ကြယ်ကနေ တိုက်ရိုက်တင်ပို့လာပြီး တူးဖော်ခြင်းလုပ်ငန်းကို စတင်ပါတော့တယ်။
Wilkesa ရဲ့သတ္တုတူးဖော်ကိရိယာက အခုမှ ထုတ်လုပ်ဆဲပါပဲ။ ဘာကြောင့်နှေးနေရတာလဲဆိုတဲ့ အကြောင်းကတော့ စာချုပ်ချုပ်ပြီးနောက်မှာ Jing Yang က လူတွေကို အရင်လွှတ်ပြီး ပင်လယ်ရေနက်အခြေအနေအသေးစိတ်ကို အရင်လေ့လာစေပါတယ်။ ပြီးမှ ရလာတဲ့ရလဒ်နဲ့ ကိရိယာကို လိုအပ်သလို ပြုပြင်ပြောင်းလဲနေတာကြောင့်ပါ။ အဲ့ဒီတော့မှ သူတို့က စက်ပစ္စည်းတွေကို အရှိန်မြှင့်ပြီး အမြန်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
"အစ်ကိုကြီး" Avery က ယာဉ်ပေါ်မှာရှိတဲ့ John ရဲ့ရုံးခန်းဆီ လျှောက်ဝင်လာပါတယ် "ပင်လယ်ပေါ်က အဆောက်အဦတွေအကုန် ပြီးသွားပြီ။ ကျွန်တော်တို့ အောက်ဆင်းလို့ရပြီ"
"En" John က "ဒီနေ့က တူးဖော်တဲ့ပထမဆုံးနေ့ပဲ။ Billiver တိုင်းပြည်ရဲ့ ဘုရင် Mudatis က ကိုယ်တိုင်လာပြီး ကြည့်ရှုလိမ့်မယ်။ ဒီနေ့ ဘာအမှားအယွင်းမှ ရှိလို့မဖြစ်ဘူးနော်"
"မပူပါနဲ့ အစ်ကိုကြီး ဒီကိရိယာကို ပြောင်းလဲဖို့အတွက် ကျွန်တော့်အတွေးတွေ အများကြီးစိုက်ထည့်ထားရတာ။ အရင်တုန်းကအကြောင်းတွေပြန်ကြည့်ရင်လည်း ဒီဟာကျွန်တော်တို့ အောင်အောင်မြင်မြင် တူးဖော်နိုင်ခဲ့တာပဲလေ။ ပြီးတော့ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုလည်း ဖြစ်မှ မဖြစ်ခဲ့တာ။ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး" Avery က ယုံကြည်ချက်ရှိရှိပြောလိုက်ပါတယ်။
"မင်းတော့ ခက်ခဲခဲ့မှာပဲ" John က Avery ပခုံးကို ပုတ်ပေးလိုက်ပါတယ် "သွားကြစို့။ Mudatis လာတော့မယ်။ သူ့ကိုတွေ့ဖို့ ပင်လယ်ကွပ်ကဲရေးပင်မဌာနကို သွားကြစို့"
YOU ARE READING
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Adventureကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...
![အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]](https://img.wattpad.com/cover/293131710-64-k152408.jpg)