Chapter(326) - ချီယွင်ရဲ့သတင်း

2.7K 689 22
                                    

Unicode

အခန်း(၃၂၆) - ချီယွင်ရဲ့သတင်း

ဟန်ကျင်းက ခေါင်းညိတ်ပြသည်။

"ပင်ပန်းတယ်"

အဲ့ဒါကြောင့်သူ့ကို အပိုတာဝန်တွေ ထပ်မပေးပါနဲ့တော့, သူကအခုမှ ခုနှစ်နှစ်သားလေးပဲ ရှိသေးတာ!

"ပင်ပန်းနေပြီပေါ့? ကောင်းတယ်" 

သို့သော်လည်း ယွမ်ထျန်းယမ်က အလေးမထားဟန်ဖြင့် အမိန့်ထပ်ပေးသည်။

"ကောင်းပြီ, အခုမင်းအဲ့ဒီ ဓားသိုင်းကွက်တွေကို နှစ်ခေါက်သွားလေ့ကျင့်ချေ"

"ဒါပေမဲ့...." ဟန်ကျင်းက ငြင်းဆန်ချင်မိသည်။

ဘယ်လိုဖြစ်လို့ နှစ်ခေါက်ဖြစ်သွားရတာလဲ?

"သုံးခေါက်"

ဟန်ကျင်း, "..."

နောက်ဆုံးတော့ ဟန်ကျင်းရဲ့ ခံစားချက်မပြသော မျက်နှာသေးသေးလေးပေါ်မှာ အမူအယာတစ်ခု ဖြစ်ပေါ်သွားရသည်။ သူက ယွမ်ထျန်းဝမ်အား ဒေါသတကြီးစိုက်ကြည့်၍ သူ့ဓားသေးသေးလေးကို သယ်ရင်း လေးလံတဲ့ ခြေလှမ်းများဖြင့် ထွက်သွားသည်မှာ ဒီဆိုးသွမ်းတဲ့ လူဆိုးကောင်ကြီး ယွမ်ထျန်းဝမ်အား သေသည်အထိ နင်းချေဖို့ မစောင့်နိုင်တော့သလိုပင်။

"သူက ခင်ဗျားကို သခင်လေးလို့ခေါ်တာပဲ ; ကျွန်တော်က ခင်ဗျားသူ့ကို တပည့်အဖြစ် လက်ခံလိမ့်မယ်လို့ ထင်နေတာ"

ဟန်ကျင်းထွက်သွားပြီးနောက်မှာ ယန်ထျန်းဟန်က မနေနိုင်စွာဖြင့် သက်ပြင်းချမိသည်။

ယွမ်ထျန်းဝမ်က ပြန်ဖြေသည်။

"မူလကတော့ ငါသူ့ကို တပည့်အဖြစ် ခေါ်မလို့ပဲ ဒါပေမဲ့ နောက်ပိုင်းထပ် တွေးကြည့်လိုက်တော့ — တပည့်လက်ခံတယ်ဆိုတာက ဘိုးဘေးတစ်ယောက်ကို လက်ခံလိုက်ရသလိုပဲ, ငါသူ့ကိုဂရုစိုက်ပေးရမယ် ချစ်ပေးရမယ် ပြီးတော့ အရာအားလုံးမှာ ကာကွယ်စောင့်ရှောက်ပေးရမယ်လေ, အဲ့ဒါမျိုးတွေလုပ်ဖို့ကို အရမ်းပျင်းလွန်းတယ်"

သွမ့်ယွီယန်ကတော့ ခေါင်းကိုက်နေမိသည်။

"ခင်ဗျားက တကယ့်ကို တစ်ခုခုပဲ, သူကအခုမှ အသက်ဘယ်လောက် ရှိသေးလို့လဲ? ခုနှစ်နှစ် ရှစ်နှစ်လောက်ပဲ ရှိဦးမယ်, အဲ့ဒါကို ခင်ဗျားက နေ့တိုင်းသူ့ကို တာဝန်အပိုတွေ အများကြီးပေးနေတယ်, အဲ့ဒါအပြင် ခင်ဗျားဒီလိုမျိုး သူ့အပေါ် ရက်စက်နေတာ သူခင်ဗျားအပေါ် ရန်ငြှိုးထားနိုင်တယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now