Unicode
အခန်း(၁၁၄)ပန်းပင်လယ်-၁
ကုကျင်သည် ဒရိုင်ဘာမှ သူမအား ပါတီသို့လိုက်ပို့နေ စဥ်တွင် ကားနောက်ဘက်ခန်းရှိ ခုံပေါ်၌ ထိုင်နေခဲ့သည်။ လမ်း၌ သူမသည် အမှောင်ရိပ်ထဲက အပြစ်ကျူးလွန်သူ အား ရှာဖွေတွေ့ရှိသည့်အကြောင်းအား တွေးနေခဲ့သည်။
စာပေအဖွဲ့အစည်း၏ နောက်ဆုံးတွေ့ဆုံပွဲအား KTV တစ်ခု၌ ကျင်းပ၏။ လူအများအပြား မပါဝင်ခဲ့သော်လည်း ပဲ လေထုအခြေအနေဟာ အလွန်တရာမှ နွေးထွေးလှ သည်။ မိုက်ခရိုဖုန်းဟာ ကုကျင် မရင်းနှီးသော သီချင်းများ ကို ဆိုနေခဲ့ကြသည့် လူများစွာကို ဖြတ်သန်းသွားခဲ့သည်။
အမျိုးသားငယ်နှင့် အမျိုးသမီးငယ်တို့၏ စွမ်းအင်တွေ ဟာ မကုန်ဆုံးနိုင်တော့ချေ။ ထို့ကြောင့် ကုကျင်ဟာ သူတို့တွေ ဘာတွေသီဆိုနေကြသည်ကို နားမလည်နိုင် တာတောင်မှ သူမထံ သူတို့တွေရဲ့ တက်ကြွမှုတွေဟာ မလွဲဧကန် ကူးစက်လာခဲ့သည်။
အကုန်လုံးပြီးသွားရင်တော့ တစ်လှေတည်းစီးနေခဲ့ ကြသောဤလူများသည် သူတို့၏ ကိုယ်ပိုင်လမ်းအသီးသီး ဆီသို့ ထွက်ခွာသွားကြပါလိမ့်မည်။
သီချင်းဆိုဖို့ရန် ဖိတ်ကြားတာကို မလိုချင်တဲ့အတွက် ကုကျင်သည် တမင်သက်သက် အဝေးက ထောင့်တစ်နေ ရာတွင် ထိုင်နေခဲ့သည်။
''တစ်ခုခုသောက်ချင်လား?''
ထုန်လင်တစ်ယောက် ပေါ်လာပြီး သူမထံ ဖျော်ရည် ပုလင်း ကမ်းလာခဲ့၏။
''ကျေးဇူးပါ''
ကုကျင်က ပုလင်းကို လက်ခံလိုက်သည်။
'' ဒီမတိုင်ခင်က ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်မ တောင်းပန်ပါတယ်''
ကုကျင်သည် ဘူးအဖုံးအား လိမ်ဖွင့်လိုက်သော်ငြား မသောက်ဖြစ်ခဲ့။ အချိန်ခဏလောက် သူမ စိတ်ရှုပ်ထွေး နေသလို ခံစားလိုက်ရ၏။ ထို့နောက်တွင်တော့ သူမ သူနှင့် အရာရာတိုင်းအား ရှင်းလင်းရန် ဆုံးဖြတ်လိုက်၏။
''မဂ္ဂဇင်းကုမ္ပဏီနှင့် ပတ်သက်ပြီး ကျွန်မရဲ့အစီအစဥ် တွေက ကျွန်မရဲ့ ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ဝေးကွာသွားခဲ့ တယ်.. ကျွန်မက ရှင့်ရဲ့လုပ်ငန်းကို နှောင့်နှေးစေမိမှာကို စိုးရိမ်မိတယ် .. ဒါကြောင့် ကျွန်မတို့ရဲ့လက်တွဲမှုကို ရပ်နား လိုက်တာက အကောင်းဆုံးပါပဲ.. ''
YOU ARE READING
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
