5

12.1K 757 8
                                    

Unicode

"ငါမင်းကို မချစ်ဘူးရှိုး"

ရှိုး မုဏ်းခါးလေးအားစုပ်ကိုင်ထားသော လက်က တဖြေးဖြေး ဖြေလျော့သွား၏ ရှိုးသည် အပြုံးမပျက်ဘဲ မုဏ်းအား နောက်တကြိမ်မေးရယ် ကြိုးစားလျက်~

"ဘာပြောတယ်"

"ငါ...ငါက ယောက်ျားနှစ်ယောက်ကမွေးလာတာ ဆိုပေမဲ့ ငါဂေးမဟုတ်ဘူး ~ ငါမင်းကို မချစ် အွင့်!"

ဆက်နားမထောင်ချင်ဘူး ခင်ဗျားပြောတဲ့ 'မချစ်ဘူး'ဆိုတာက ကျုပ်ကို ဘယ်လောက်နာကျင်စေလည်းသိလား။ချစ်ရမယ်မုဏ်း ခင်ဗျားကျုပ်ကိုဘဲချစ်ရမယ်၊ ခင်ဗျားဦးနှောက် ရင်ထဲ နှာလုံးသားထဲမှာ ကျုပ်ကလွဲပြီး ဘယ်သူမှမရှိရဘူး! ရှိခဲ့ရင်လည်း ကျုပ်က အဲ့လူကိုတဆစီ လုပ်ဖစ်မှာမို့လို့။

ခင်ဗျားနဲ့ ပတ်သတ်လာရင် ကျုပ်ဆိုတာဒုတိယလူအဖစ်မခံချင်ဘူး မုဏ်းလွန်ကြိုး...။

"အွင့်! ဟင့်~ လွတ်"

မုဏ်း၏နှုတ်ခမ်းပေါက်ထွက်မတတ်ထိ နမ်းခံနေရတာကြောင့် အသက်ရှူများပါ ကြပ်လာသည်၊ မုဏ်းထက်စာရင် ရှိုးကအားကြီးတာမို့ သူ့ရင်ခွင်ထဲက လုပ်၀ရှုန်းလို့မထွက်။

တောင်းပန်ပါတယ်ရှိုးရယ် ငါမင်းမချစ်ဘူး...ယောက်ျားနှစ်ယောက်က မွေးလာတဲ့ငါက မင်းနဲ့သာ လက်တွဲမယ်ဆို ငါ့မိသားစုပိုအပြောခံရလိမ့်မယ်။

ပြွတ်~

နီရဲစိုစွတ်သောနှုတ်ခမ်းလေးအား ရှိုးပြင်းပြင်းတချက်စုပ်ကာ လွတ်ပေးလိုက်ပြီး ရီဝေဝေအကြည့်များဖြင့် မုဏ်းအားကြည့်လျှင်

"ကျေနပ်ပြီလား ရှိုး"

"....."

"ငါ့ကိုမင်းဘ၀ မင်းအသိစိတ်ကနေ လွတ်ပေးပါတော့ ငါ့ကိုထပ်ပြီး မနှောင်ယှက်ပါနဲ့တော့"

"ကျုပ်ခင်ဗျားကိုချစ်တယ် မုဏ်းလွန်ကြိုး"

"ငါမင်းကို မချစ်ဘူးရှိုး"

"ကျုပ်ကတော့ ခင်ဗျားကိုသိပ်ချစ်တယ်"

"ငါက လုံး၀ချစ်လာမှာမဟုတ်ဘူး"

"ခင်ဗျားမချစ်လည်း ကျုပ်က ခင်ဗျားကိုအပိုင်သိမ်းမှာ"

"ရှိုး!"

MOUM{Completed}Where stories live. Discover now