Chapter-31

14K 1.5K 116
                                    

Unicode

ပြစ်ဒဏ်ကျသော နှလုံးသား

မြန်ဆန်သောခြေလှမ်းတို့ဖြင့် မြေပျော့ပျော့ထက် နစ်ဝင်မတတ်လျှောက်လှမ်းကာ အလျှင်လိုနေသော လူတစ်ဦး။ ရင်ခွင်ဖွင့်ဝတ်ထားသော အပေါ်ထပ်လက်ရှည်မိုးပြာရောင်တစ်ခုလုံး လွင့်ခနဲဖြစ်သည်အထိ အရှိန်တင်လျက်ရှိကာ လက်တစ်ဖက်ကလည်း ဖုန်းကိုတင်းနေအောင်ဆုပ်ကိုင်လို့ထားသည်။

ဂတ် ! ဂတ်! ဂတ်! ဂတ်!
ရုတ်တရက်ကြီး ဝင်ရောက်လာသူကြောင့် ဘဲအုပ်ကြီးတစ်ခုလုံး ပွက်လောရိုက်သွားပြီး နံဘေးနားရှိချောင်းငယ်ထဲ ပြေးဆင်းကုန်ကြသည်။ တရားခံကတော့ ဘဲတွေဘက်နည်းနည်းမှမကြည့်။ မျက်ခုံးတန်းနှစ်ဖတ်ထိလုအောင် မျက်မှောင်ကြုတ်ထားပြီး သူလုပ်ချင်တာလုပ်ရဖို့သာ စိတ်အားထက်သန်နေသည်။

"ဖိုးသား!! ဖိုးသားရေ!!"

ပြန်သံက ချက်ချင်းမလာ။ ဘေးနားကဘူးဘက်ကြည့်ပြန်တော့လဲ တိတ်ဆိတ်ကာ လူရိပ်ပင်မမြင်ရအောင် ရှင်းလင်းနေ၏။

"ဟေး...ဖိုးသား!!"

ဂတ်!! ဖျတ် ဖျတ်!! ဝုတ် ဝုတ် ဝုတ်!!

ပိုမိုကျယ်လောင်သော အော်သံနောက်တွင် လန့်သွားသော ဘဲအော်သံများ ခွေးဟောင်သံများ ဆက်တိုက်ဆူညံစွာ ကပ်ပါလာပြီး ထိုအခါမှ တဲထဲကဝရုန်းသုန်းကားထွက်လာသူတွေက လက်ထဲမှာ ထမင်းပန်းကန်ကိုယ်စီကိုင်လျက်သား။ အစောက လူတစ်ယောက်လုံးဝင်လာတာတောင် မနိုးတဲ့ခွေးနီကြီးက အခုမှ သခင်မျက်နှာရအောင် ထိုးဟောင်လို့နေသည်။

"ဆရာ ..ဘာလိုလို့လဲ" ပြာပြာသလဲမေးလာသော ဖိုးသားက လက်ဆေးနေပြီမို့ တားချိန်မမှီ။အခွင့်ရေးရတုန်းအပြေးလာရတာမို့ ထမင်းစားချိန်ကို မတွေးမိလိုက်တာ သူ့အမှားပင်။

"ဘဲဥသုံးကဒ်လောက် ထည့်ပြီးသားရှိသေးလား"

"ရှိတယ် ဆရာ အခုသွားယူပေးမယ်လေ"

"အေးအေး လုပ်စမ်းပါအုန်း။အာ တစ်လက်စထဲ မနက်ကချိုးထားတဲ့ သပြေပန်းတွေရောရှိသေးလား"

"ရေတင်ထားတယ်ရှိတယ် ဆရာရေ့ ‌ငါးအိုးစာလောက်ယူခဲ့လိုက်မယ်"

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now