Chapter(327) - ချင်းကျူရဲ့ အတိတ်

2.9K 695 30
                                    

Unicode

အခန်း(၃၂၇) - ချင်းကျူရဲ့ အတိတ်

လင်ရွှမ်းဇီက အတွေးထဲ နစ်နေမိသည်။

ခဏအကြာမှ မျက်လုံးကို ပင့်ပြီးမေးလာ၏။

"အကယ်၍ နတ်ဆိုးသားရဲ အင်္သချေတောအုပ်ကို နတ်ဆိုးသားရဲတစ်ကောင်က အုပ်ချုပ်နေပြီဆိုရင် ဂျီမိသားစုကရော ဘယ်လိုလုပ်မလဲ?"

ဂျီမိသားစုက အနောက်ဘက် တိုက်မကြီးတွင် နံပါတ်(၁) သားရဲထိန်း မိသားစုဖြစ်သည်။ ပြောကြတာတော့ သူတို့မိသားစုက တပည့်တစ်ယောက်ချင်း ဆီတိုင်းက သားရဲဘယ်လိုထိန်းရမလဲ ဆိုတာအား သိကြသည်ဟု။ ဒါ့အပြင် သူတို့က မိသားစုထဲမှာ အသိအမှတ်ပြုမှုကို ရယူလိုပါက အရွယ်မရောက်မှီ သို့မဟုတ် သတ်မှတ်ထားတဲ့ အဆင့်တစ်ခုအရောက်မှာ နတ်ဆိုးသားရဲအင်္သချေတောအုပ်ထဲ ဝင်ရောက်ပြီး နတ်ဆိုးသားရဲတစ်ကောင်နဲ့ စာချုပ် ချုပ်ဆိုနိုင်ရမှာဖြစ်သည်။  မဟုတ်ရင် အရွယ်ရောက်ကြောင်း ဓလေ့ထုံးတမ်းများကို နောက်ဆုတ်လိုက်ရမှာပင်။

အရေးကြီးဆုံးအရာကတော့ ဂျီမိသားစုကနေ စာချုပ်ချုပ်ဆိုထားကြတဲ့ နတ်ဆိုးသားရဲတိုင်းဟာ ထိုနတ်ဆိုးသားရဲ အင်္သချေတောအုပ်ထဲကနေ ဖမ်းယူ၊ ပျိုးထောင်ပြီး လေ့ကျင့်ပေးထားကြတာဖြစ်သည်။ အကယ်၍သာ တောအုပ်က နတ်ဆိုးသားရဲတစ်ကောင်ရဲ့ စည်းတံဆိပ် ခတ်ခြင်းကို အမှန်တကယ် ခံလိုက်ရပြီဆိုရင် ၎င်းဒဏ်ကို ပထမဆုံး ခံရမှာက အနောက်ဘက်တိုက်မကြီးရဲ့ ဂျီမိသားစုဖြစ်သည်။

ဒါက အတော်လေး ဖြေရှင်းရခက်ပြီး အန္တာရယ်များလှသည်။

သေချာပေါက်ပင် လင်ရွှမ်းဇီက ဂျီမိသားစုအကြောင်း ထုတ်မေးလိုက်တာနဲ့ ချီယွင်ရဲ့ စကားအိုးက ခလုတ်ဖွင့်လိုက်သလို ဖြစ်သွားပြီး မရပ်မနား စကားပြောတော့လေသည်။

"အစပိုင်းတုန်းကတော့ ဂျီမိသားစုက အတော်လေး တည်ငြိမ်ခဲ့ပြီး သူတို့ကဘယ်အဆင့်က သားရဲမဆို ထိန်းနိုင်တယ်လို့ ပြောနေကြတာ, ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျုပ်အနောက်ဘက် တိုက်မကြီးဆီ သွားတဲ့အချိန်မှာတော့ ကျုပ်ကြားခဲ့ရသလောက်က ဂျီမိသားစုကနေ အင်္သချေတောအုပ်ထဲက တောနက်ပိုင်းနေရာထဲကို မိသားစုရဲ့ တပည့်ရင်းတော်တော်များများ လွှတ်လိုက်တယ်တဲ့ ဒါပေမဲ့ သူတို့အားလုံး ကျင့်ကြံဆင့်တွေ ပျက်စီးပြီး ပြန်နှင်ထုတ်ခံလိုက်ရတယ်, အခုဆို ဂျီမိသားစု အကြီးကဲတွေက အပြင်ထွက်ရမှာတောင် ရှက်နေကြပြီ, ကျုပ်ထင်တာတော့ သူတို့ရဲ့ သခင်လေးက လောလောဆယ် အနောက်ဘက် တိုက်မကြီးရဲ့ မိသားစုတွေကို အဲ့ဒီ သားရဲတောအုပ်ထဲက မကောင်းဆိုးဝါးကြီးကို ဝိုင်းဝန်းတိုက်ခိုက်အောင် လူစုစည်းဖို့ ကြိုးစားနေတယ်နဲ့တူတယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now