Extra*

36K 2.5K 46
                                    

အလုပ်တွေလက်စသတ်ကာ New York ကပြန်ရောက်ကတည်းက နှစ်ယောက်သား အလုပ်တွေမသွားဖြစ်ပဲ အနားယူနေကြ၏။ အဆိုးဆုံးကတော့ သီဟမင်းထင်​ဖြစ်သည်။

" အလုပ်က ဒီတိုင်းပစ်ထားလို့ မရဘူးလေ မောင် "

" တခါတလေပဲလေ သဲငယ်ရာ၊ မောင်လည်း ပင်ပန်းနေပြီလေ"

" အခုတော့ မင်းက ပင်ပန်းတယ်ဆိုပြီးပြောပြီပေါ့၊ ရတယ် မင်းမသွားရင် ငါသွားမယ်"

" ဘာလို့အလုပ်တွေအဲ့လောက်သွားချင်နေတာလဲကွာ၊ မောင့်ဘေးမှာလည်း နည်းနည်းပါးပါးနေပါဉီးလား "

စကားပြန်မပြောလာတဲ့သူကြောင့် စိတ်ဆိုးသွားပြီဆိုတာသိလိုက်တာမို့ သီဟလည်းဘာမှမပြောနိုင်တော့။ အလျှော့ပေးရတော့သည်။

" အချစ်က သွားစေချင်တယ်ဆိုလည်း သွားမယ်၊ စိတ်အပင်ပန်းမခံနဲ့ ဟုတ်ပြီလား "

ဘာမှတော့မပြောပေမယ့် အလုပ်သွားဖို့ပြင်ဆင်ရတော့သည်။ မင်းဝေနဲ့ရှိုင်းသန့်ကလည်း အလုပ်ကိစခိုင်းထားသည်မို့ အိမ်မှာရှိမနေ။ ဒါကြောင့်အလုပ်ကို ကိုယ်တိုင် ကားမောင်းပြီးသွားဖို့သာလုပ်ရတော့သည်။

မသွားခင် ချစ်ရသူရဲ့နှုတ်ခမ်းထက် အနမ်းလေးခြွေကာ ဆူပုတ်နေသောမျက်နှာထားအား ပြေပျောက်စေဖို့ချော့မိသည်။ မဟုတ်ပါက အလုပ်သွားဖို့ရာဖြောင့်မည်မဟုတ်။

" မောင် သွားပြီနော်၊ စိတ်မဆိုးနဲ့တော့ "

သေချာနှုတ်ဆတ်ပြီးအိမ်ကနေထွက်ခဲ့၏။

မြတ်ထွဋ်ခေါင်သည် သီဟထွက်သွားတာသေချာလားဆိုတာကိုသေချာစစ်ဆေးပြီးသည်နှင့် အိမ်ထဲပြန်ဝင်လာ၏။ အလုပ်ကိုအတင်းလွှတ်နေခြင်းက တခြားကြောင့်တော့မဟုတ်။ ဒီနေ့ဟာ သီဟရဲ့မွေးနေ့ဖြစ်နေ၍သာ။

" အိမ်တော်ထိန်း "

" ဟုတ်ကဲ့ သခင်လေး "

" ကျွန်တော်တို့ စကြတော့မလား "

" အဆင်သင့်ပါပဲ သခင်လေး "

တစ်ခါမှ မီးဖိုချောင်မဝင်တဲ့သူက မီးဖိုချောင်မှာ ဟင်းချက်ဖို့ပြောခဲ့စဉ်က အိမ်တော်ထိန်းလည်း အံ့သြခဲ့ရသည်။ မင်းဝေနဲ့ရှိုင်းသန့်ကိုလည်း တမင်သပ်သပ်တခြားတစ်နေရာကိုလွှတ်လိုက်၏။

မောင့်မူပိုင် (Completed) Where stories live. Discover now