Chapter (13-5)_ ကလဲ့စားချေခြင်း

3K 534 9
                                    

Chapter (13-5)_  ကလဲ့စားချေခြင်း





ဒီကိစ္စက ကြီးကြီးမားမားဖြစ်လာပြီး ဖုံးဖိဖို့ မဖြစ်နိုင်တော့ပေ။   ယာဉ်ထိန်းရဲက ပိုင်ရှင်နှစ်ဦးရဲ့ အမည်ကို ချက်ချင်းစုံစမ်းစစ်ဆေးလိုက်တယ်။

ယာဉ်မောင်းနဲ့ မာစီဒီးပိုင်ရှင်ကို ဆေးရုံပို့လိုက်တဲ့အခါ ကျိုးယွင်ရှန့် ဟာ UK ကို သွားတဲ့ လက်မှတ်ဝယ်ပြီး ဂိမ်းဆော့ရင်း စောင့်ဆိုင်းခန်းမှာ ထိုင်နေပါတယ်။ သူ ကိုယ်တိုင် စာရွက်စာတမ်းများစွာကို အတု လုပ်ထားလို့  သူ ဘယ်သွားနေမှန်း ဘယ်သူမှ မသိနိုင်ပေ။

ခန်းမအတွင်း LED ဖန်သားပြင်က မတော်တဆမှုဖြစ်ပွားသည့်သတင်းကို ဖွင့်ဟထားပြီး ဖြတ်သန်းသွားလာသည့် သတင်းထောက်များက အနီးနားက မျက်မြင်တွေ့သည့် လူများအား တွေ့ဆုံမေးမြန်းမှုများ ရှိနေပြီး ကျူးလွန်သူမှာ ငွေကြေး၊ အာဏာ အစွမ်းထက်ပြီး  ထင်တိုင်းကျဲနေသလား။ လူတိုင်းက တရားမျှတမှုကို မမေ့လျော့စေဖို့  တရားဝင် စုံစမ်းစစ်ဆေးမှု ရလဒ်များကို လူသိရှင်ကြား ထုတ်ပြန်ပေးရန် လူတိုင်းက တညီတညွတ်တည်း တောင်းဆိုနေကြသည်။ ယာဉ်ထိန်းဌာန   မှ ခေါင်းဆောင်များသည် စေ့စေ့စပ်စပ် စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာသဖြင့် အများပြည်သူတွေရဲ့  ချီးကျူးမှုများ ရရှိခဲ့သည်။

ဒါကိုမြင်တော့  ကျိုးယွင်ရှန့် က ရွှတ်နောက်နောက် ပြုံးလိုက်တယ်။ ရွှယ်ကုမ္ပဏီ၏ အဓိက ရည်မှန်းချက်မှာ ကမ္ဘာပေါ်မှ အကောင်းဆုံး နာမည်ကောင်းများ ရရှိရန် ဖြစ်သည်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘယ်လို ထွက်သွားရမလဲဆို တာလည်း သူသိတယ်။

သို့သော် အပြစ်မဲ့ပြည်သူများ၏ ဘဝများက ရယ်စရာမဟုတ်ပေ။ ရွှယ်ကျင်းရီ ၏ အလုံးစုံသော လုပ်ကြံမည့် အစီအစဉ်ကို သိရှိပြီးနောက်၊ သူသည် ကား မတော်တဆမှုဖြစ်ရန် စီစဉ်ခဲ့ပြီး သူ ထိန်းချုပ်ထားသည့် Mercedes ကား၏ပိုင်ရှင်မှာ သူ၏မိဘများကို ဝင်တိုက်သတ်ဖြတ်ခဲ့သော တရားခံဖြစ်နေခဲ့သည်။

စုံစမ်းစစ်ဆေးမှုအပြီးတွင် Mercedes-Benz ပိုင်ရှင်သည် အရက်မူးပြီး ကားမောင်းခဲ့တယ်ဆိုတဲ့ အမှန်တရားကို သိရှိခဲ့သည်။ ကားက ဟွမ်ရီတို့  အဖေနဲ့အမေရဲ့ သုံးဘီးဆိုင်ကယ်ကိ အ နောက်က ဝင်တိုက်ကာ မှောက်သွားတယ်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူနှစ်ဦးသေဆုံးပြီးလား၊  အသက်ရှင်နေသေးလားဆိုတာ သိရှိစေဖို့   ကားပိုင်ရှင်မှ ဆင်းလာကာ နှစ်ကြိမ်တိုင်တိုင် နှာခေါင်းကို စမ်းကြည့်ပြီးနောက် နောက်ပြန်လှည့်ကာ   လူလုံးကျွတ် ပြေးသွားသည်အထိ ထိတ်လန့်ခြင်းမရှိ အခင်းဖြစ်ပွားရာနေရာမှ အေးအေးဆေးဆေး ထွက်ခွာသွားခဲ့သည်။

ယာဉ်ထိန်းဗျူရို အတွင်းသိလူတွေက ငွေကြေးလာဘ်ငွေကို လက်ခံကာ ထို စောင့်ကြည့် ဗီဒီယိုကို ဖျက်ဆီးလိုက်သော အခါ၊ ကျိုးယွင်ရှန့်က  မျက်လုံးများသည် နီရဲလာပြီး နှလုံးသားထဲတွင် မုန်းတီးမှုများ လွှမ်းနေသည်။

Mercedes-Benz ပိုင်ရှင်က ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲဆိုတာ သူ ကောင်းကောင်း သိပါတယ်၊ လူတစ်ဦးကို  ပေးရတဲ့ ကုသစရိတ်  ကြီးမား ပြီး  လူကို အသေတိုက်မိလို့ လျှော်ကြေးပေးရင် လူတစ်ယောက်ကို ယွမ် ၂ သိန်း၊ စုစုပေါင်း  လျော်ကြေးငွေ 400,000 သာ ပေးဆောင်ရမည် ဖြစ်သည်။

 

ကျိုးယွင်ရှန့်က  ကားပိုင်ရှင်သည် အနည်းဆုံး ဒေါ်လာဘီလီယံပေါင်းများစွာ ပိုင်ဆိုင်ထားသော တရုတ်နိုင်ငံထဲက လုပ်ငန်းကြီး၏ ဥက္ကဋ္ဌဖြစ်သည်ကို သိခဲ့ရသည်။ ထိုလူက ရွှယ်လွေ့ရဲ့  အဆင့်အတန်းနဲ့ မကွာလှပေ။ ထိုသူဌေးကြီးက  လူနှစ်ဦး၏ ကုသစရိတ်ကို အပြည့်အ၀ ပေးနိုင်သူဖြစ်သည်။ ဒါပေမယ့် အလုပ်ရှုပ်မည်ကို ကြောက်လို့ လူသတ်ဖို့ ကိုသာ ရွေးချယ်ခဲ့တာဖြစ်သည်။

အလုပ်ရှုပ်မှာ ကြောက်တာလား?


ကျိုးယွင်ရှန့် ၏ မိဘများ အသက်ကို နှုတ်ဆောင် သွားသော အဓိက အကြောင်းပြချက်က
ီဒီရိုးရှင်းသော အချက်ကြောင့်ဖြစ်သည်။

 Mercedes-Benz ပိုင်ရှင်သည် နောက်ဆုံးတွင် ဟွမ်မိသားစုကို ခြိမ်းခြောက်ရန် လူဆိုးဂိုဏ်း အနည်းငယ်ကို ရှာဖွေကာ ယွမ် 400,000 ပေးဆောင်ရန်ပင် မလိုတော့ဘဲ ယွမ် 70,000 သာ သုံးစွဲ ခဲ့သည်။

ဒီနှစ်တွေတစ်လျှောက်လုံး သန်းခေါင်ယံမှာ ဟွမ်ရီရဲ့အိမ်မက်တွေထဲမှာ ကျိုးယွင်ရှန့်က သူ့မိဘတွေ သွေးအိုင်ထဲ လဲကျသေဆုံးခဲ့ရသည့် ဖြစ်ရပ်ကို ထပ်တလဲလဲ မက်ခဲ့သည်။

 အဲ့ဒီသူဌေးနဲ့ ရွှယ်လွေ့လို လူမျိုးတွေက သူတို့ကလွဲရင် တခြားသူတွေကို လူလို့ မမြင်တာ ဖြစ်နိုင်ပါတယ်။

 

ဒါကိုတွေးရင်း ကျိုးယွင်ရှန့်က လှောင်ပြောင် ပြောဆိုလိုက်သည်။


. ဟုတ်တယ်၊ သူ့မှာ အဲ့ဒီ သူဌေးတွေကို လက်တုန့်ပြန် နိုင်တဲ့ စွမ်းအားမရှိဘူး၊ ခန္ဓာကိုယ်က မစွမ်းနိုင်ပေမယ့် အဲ့လူရဲ့ အသက်ကို ဖယ်ထုတ်ဖို့ နည်းလမ်းကတော့ မခက်ပါဘူး။ ကားပိုင်ရှင်၏ အမည်ကို သိရှိပြီးနောက်  သူ့ကို စောင့်ကြည့်နေခဲ့ပြီး ထိုလူက ဘယ်အချိန်မှာ ဘယ်လမ်းကြောင်းကနေ ရောက်လာမည်ကို သိအောင် လုပ်ခဲ့သည်။ ဒါတွေ သိပြီးနောက် ကျိုးယွင်ရှန့်က သူ ကိုယ်တိုင် ပြုပြင်ထားတဲ့ စူပါပြိုင်ကားကို ကွန်ပြူတာနဲက ထိန်းချုပ်ပြီး မြို့ထဲကမှာ ပြေးလွှားသွားလာစေဖပြီးနောက် ထို မာစီဒီးကား နှင့် ဆုံမည့် အချိန်ကို စောင့်နေခဲ့သည်။

 

LED ဖန်သားပြင်သည် ယာဉ်တိုက်မှု ဗီဒီယိုကို ပြသနေဆဲဖြစ်ပြီး မီးပွိုင့်ဖြတ်ကျော်ချိန်တွင် စူပါကားသည် အရှိန်မလျှော့ဘဲ ဂတ်စ်ကို ဖိနင်းကာ မာစီးဒီးကို ကျည်ဆန်ကဲ့သို့ ပြင်းထန်စွာ ထိမှန်သွားသည်ကို မြင်တွေ့နိုင်သည်။ .

လေယာဉ်ကို စောင့်ဆိုင်းနေသော ခရီးသည်များက ထိုပြိုင်ကားက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု ထင်ကြေးပေးပြိး အားလုံးက ထိတ်လန့်တကြား အော်ဟစ်ခဲ့ကြသည်။


ကျိုးယွင်ရှန့်  သည် လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်ပြီး UK သို့သွားမည့် ခရီးသည်များအား ဂိတ် 13 မှ တက်လာရန် လမ်းညွှန်မှ အကြောင်းကြားသည်ကို ကြားသဖြင့် မတ်တပ်ထရပ်ကာ လူများနှင့်အတူ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

ရွယ်ဇီရွမ်သည် အစည်းအဝေး တစ်ဝက်တစ်ပျက်တွင် သူ့စိတ်ဝိဉာဉ်က တုန်လှုပ်သွားသည်ဟု ခံစားရပြီး သူ၏ အထူးလက်ထောက်သည် အစည်းအဝေးခန်းထဲသို့ ရုတ်တရက် ဝင်လာပြီး စာရွက်စာတမ်းတစ်ခု ပေးလိုက်သည်။ ဒီအထူးလက်ထောက်သည် ရွှယ်မိသားစုကို စောင့်ကြည့်ရန် အထူးတာဝန်ရှိပြီး ကွဲပြားသော အရာကို တွေ့ရှိသောအခါ သူဌေးကို ချက်ချင်းအကြောင်းကြားမည်ဖြစ်သည်။

စာမျက်နှာနှစ်မျက်နှာသာဖတ်ပြီးနောက် ရွှယ်ဇီရွှမ်၏မျက်နှာသည် သိသိသာသာပြောင်းလဲသွားပြီး အေးစက်စွာပြောလိုက်သည်။



"အစည်းအဝေးကိုရွှေ့ဆိုင်းလိုက်ပါပြီ၊ ကျွန်တော့်မှာ အရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ်"  



လူအုပ်ကြီးသည် သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်များဖြင့် တန်းစီ ထွက်သွားကြသည်။ အသစ်ခန့်အပ်လိုက်တဲ့ CEOကို   မကြည့်ပါနဲ့၊ အနုပညာရှင်တစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့ပြီးကျက်သရေ ရှိတဲ့  ခန္ဓာကိုယ်ထဲမှာတော့ သွေးအေး ရက်စက်တဲ့ လူတစ်ယောက်ရှိနေပါတယ်။



ရွှယ်မိသားစုရဲ့ မွေးစားသား၏ရုပ်သွင်ကို   လူတွေက   မမြင်ဖူးကြသလို သူတို့ သူဌေး အသစ်ဖြစ်လာတဲ့ ရွှယ်ဇီရွမ်ရဲ့ မျက်နှာထက်မှာ အပြုံးကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။ ရွှယ်ဇီရွမ်က ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းမရှိပဲ အလုပ်ကိုသာ တိကျအေးစက်စွာလုပ်ကိုင်နေခဲ့သည်။


 

ယခု ရွှယ်ဇီရွမ် သည် ရှားရှားပါးပါး ဒေါသနှင့် တုန်လှုပ်နေသော အမူအရာကို ဖော်ပြကာ မေးလိုက်သည်။

"ဒီစာရွက်စာတမ်းကို ဘယ်ကရလာတာလဲ။"

"မစ္စတာရွှယ် ရဲ့ ကိုယ်ရေးကိုယ်တာရှေ့နေရဲ့ ကွန်ပြူတာကနေ ခိုးယူခဲ့တာပါ။ သူတို့ နှစ်ယောက် အဆက်မပြတ် တပူးပူး ရှိနေတာကို ကျွန်တော် သတိပြုမိလိုက်လို့ ကွန်ပြူတာထဲကနေ ဟက်လိုက်တာပါ။ မကြာသေးခင်ကမှ  ရှေ့နေက ဒီလို အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုနဲ့ ပတ်သက်ပြီး တိုင်ပင်ဖို့ အတူတူ ထွက်သွားုခဲ့တော့ သူ့ကွန်ပြူတာကို ဟက်ခ်လုပ်ဖို့ တစ်ယောက်ယောက်ကို တောင်းဆိုခဲ့ပြီး ဒီစာရွက်စာတမ်းကို တွေ့ဖို့ မမျှော်လင့်ထားခဲ့ပါဘူး။"

အထူးလက်ထောက်ကတော့ ရွှယ်ဇီရွမ် ရဲ့ ကိုယ်ပိုင်စုံထောက်ဖြစ်ပါတယ်။ သူ့အရင်ဘဝတုန်းက ဒီလူနဲ့တွဲလုပ်လေ့ရှိတယ်။

စာရွက်စာတမ်း၏ရက်စွဲကိုကြည့်ပြီးနောက် ရွှယ်ဇီရွမ် ၏မျက်နှာသည် အနည်းငယ်လျော့ပါးသွားပြီး လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။


 "သိပြီ။  မင်း ဆက်ပြီး စောင့်ကြည့်နေလိုက်"


စာရွက်စာတမ်းကို မနေ့ကပဲ ရေးဆွဲခဲ့တာဆိုတော့ သူတို့က ရှောင်ရီ လက်မှတ်ထိုးဖို့ ပြောဆိုမယ့် အချိန်မရသေးတဲ့အတွက် မလုပ်ဖြစ်လောက်သေး ဘူး။

အထူးလက်ထောက်က ထွက်ခွာခါနီးမှာ နောက်ပြန်လှည့်ပြီး တိုးတိုးလေးပြောတယ်။


"ဒီရှေ့နေက မင်းမိသားစုရဲ့ ယာဉ်မောင်းနဲ့ အဆက်အသွယ်ရှိလို့ ယာဉ်မောင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို စစ်ဆေးကြည့်တော့ နိုင်ငံခြားမှာ အကြွေး သန်းပေါင်းများစွာ အကြွေးတင်နေတာ တွေ့ရတယ်။ ."

ရွှယ်ဇီရွမ် ရဲ့ မျက်လုံးများ မှေးမှိန်သွားကာ  အံကြိတ်ကာ  မေးလိုက်သည်။


"မင်း သူ့ကို အရင်ငှားတုန်းက ပြဿနာမရှိဘူးလို့ ပြောခဲ့တာ မဟုတ်လား"

လက်ထောက်က ရှက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။


 "ဒီအကြွေးတွေက သူ့အစ်ကိုရဲ့နာမည်နဲ့ ယူထားတာ ဖြစ်လို့ ကျွန်တော်  ဂရုမစိုက်ခဲ့မိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ ပေါ့ဆမှုပဲ၊ သူ့ကို စောင့်ကြည့်ဖို့ပဲ အာရုံစိုက်လိုက်ပါ့မယ်"



"ကောင်းပြီ၊ ငါ ဒရိုင်ဘာကို အလုပ်ထုတ်လိုက်တဲ့စာကို လက်မှတ်ထိုးပေးလိုက်မယ်။ မင်း ဒီနေ့  ငါ့အိမ်ကို သွားကြည့်လိုက် ။"


ပြောလက်စကို  ခေတ္တနားပြီးနောက် ရွှယ်ဇီရွမ်  က မှာလိုက်သည်။


"ရှောင်ရီ....မမြင်ရအောင် သေချာလုပ်။  သူကြောက်သွားလိမ့်မယ်။"

လက်ထောက်က တိုးတိုးလေးပြန်ဖြေပြီး အမြန်ထွက်သွားတယ်။  ရွယ်လွေ့သည် ဒီဟာကို အမြန် အကောင်ထည်ဖော်မည်ဟု  သူတို့နှစ်ဦးလုံးက မမျှော်လင့်ထားဘဲ စာရွက်ကိုဆွဲကာ ဆယ်ကျော်သက် လက်မှတ်ထိုးရန် မစောင့်နိုင်ခဲ့ကြပေ။

သားဖြစ်သူ၏ အပူတပြင်းအခြေအနေသို့ အတင်းအကျပ်ခိုင်းစေခြင်းဖြင့် ဟွမ်ရီ သေဆုံးခြင်းသည် သားဖြစ်သူကို ဝမ်းနည်းကြေကွဲစေနိုင်သည်၊ သူ မည်မျှတိုက်ခိုက်နေပါစေ၊ သူသည် သူ့ဖခင်နဲ့ ပြိုင်ဘက်မဟုတ်ကြောင်း နားလည်စေလိမ့်မည်။


 ထို့အပြင်၊ ဟွမ်ရီကိုသတ်ခြင်းသည် သူ့သမီးကို ကယ်တင်နိုင်သည် ။ ဒါတောင် ဘာကြောင့် သူ့သားက ဟွမ်ရီကို   ပြန်ခေါ်လာတာလဲ။ ကျင်းရီအတွက် နှလုံးအစားထိုးဖို့ ခေါ်ခဲ့တာမဟုတ်လား။ နောက်ပိုင်း ဘာကြောင့် စိတ်ပြောင်းသွားရတာလဲ။



ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ခန်း မီးနီထားဆဲဖြစ်ပြီး ဒဏ်ရာရရှိသူ နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း အခြေအနေမှာ  မကောင်းလှပေ။

 

"အကြီးအကဲ၊ Maybach ၏ပိုင်ရှင်မှာ Dongrun Group ရဲ့ ဥက္ကဌ ဟူတုံး ဖြစ်ပြီး Lamborghini Egoista ရဲ့ ပိုင်ရှင်က ရွှယ်အုပ်စုရဲ့ ဥက္ကဌ ရွှယ်လွေ့ရဲ့ မွေးစားသား ဟွမ်ရီ ဖြစ်တယ်"


ယာဉ်ထိန်းရဲငယ်တစ်ဦးသည် ခွဲစိတ်ခန်းတံခါးဝသို့ ပြေးသွားပြီး အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကပ္ပတိန်အား သူ့လက်ထဲတွင် ရခဲ့သည့် သတင်းအချက်အလက် အစုံအလင်ကို ပေးဆောင်ကာ ဆက်လက်ပြီး အစီရင်ခံခဲ့သည်။


"ကားကို မောင်းနှင်သူက ဟွမ်ရီ မဟုတ်ဘူး။ ရွှယ် မိသားစုမှာ အလုပ်လုပ်နေတဲ့ ယာဉ်မောင်း ကျိုးရင်လို့ ခေါ်ပါတယ်။"


ဒီယာဉ် မတော်တဆမှုတွင် အနီရောင်စူပါကား ပိုင်ရှင်သည် အပြည့်အဝတာဝန်ယူနိုင်စေဖို့  ကပ္ပတိန်က မူလက    တန်ခိုးကြီးသောလူ ဒါမှမဟုတ်  ဒုတိယမျိုးဆက် မောင်းသူလေးတစ်ဦးကို ရင်ဆိုင်ရမယ်လို့ ထင်ထားပေမယ့်အခုတော့ တကယ့် တရားခံက ယာဉ်မောင်းဖြစ်နေသည်။


" ငါပြောတယ်၊ ဒီကောင် ကျိုးရင်က တကယ် လုပ်ရဲတာပဲ။ ဒါက အလုပ်ရှင်ရဲ့ကားကို  စွဲလမ်းလွန်းလို့ တိတ်တိတ်လေး ခိုးမောင်းသွားတာကနေ ခုလို ယာဉ်တိုက်မှုဖြစ်တာ နေမယ်။ ဒီကောင်က တကယ့်ကို အကျင့်မကောင်းတဲ့ အကောင်ပဲ    ဟမ်!  "

ကပ္ပတိန်က ဒါကို သိတော့ ကျိန်ဆဲလိုက်သည်။

 

"အဲ့လူတော့ မသေရင်တောင် အောက်ပိုင်းသေသွား လောက်တယ်  "

 ယာဉ်ထိန်းရဲလူငယ်က သက်သေအိတ်ထဲမှာ ဇောက်ထိုးလှန်ပြီး ကွဲကြေနေသည့် ဆဲလ်ဖုန်းနှစ်လုံးကို  ပြကာ အစီရင်ခံလိုက်သည်။


 "ဒီဟာတွေက ပျက်သွားပြီ၊ ဖုန်းဖွင့်လို့တောင် မရတော့ဘူး၊  မိသားစုကို ဆက်သွယ်ရတော့မယ်။ ဖုန်းဆက်လိုက်ရမလား။  ဒီလိုအခိုက်အတန့်တွေကို  ကျွန်တော် အကြောက်ဆုံးပဲ၊ လူနာရှင်တွေကို ဘယ်လိုပြောရမှန်းမသိဘူး"

"သေချာပါတယ် မင်း ဖုန်းဆက်လိုက်ပါ။ ကောင်းကောင်းပြောပါ၊ မိသားစုကို တတ်နိုင်သမျှ အမြန်ဆုံးလာဖို့ ပြောလိုက်။ "


ကပ္ပတိန်က အနည်းငယ် စိတ်ဆိုးသွားကာ ဆေးလိပ်သောက်ရန် လှေခါးထစ်သို့ လျှောက်သွားကာ ဖုန်းခေါ်ဆိုရန် အသင့်ဖြစ်နေပြီဖြစ်သော လက်ထောက်ကို မြင်ပြီး ပြောလိုက်သည်။


 "ဟွမ်ရီနှင့် ရွှယ်လွေ့တို့ကို အကြောင်းကြားဖို့  မမေ့ပါနဲ့၊ သူတို့သည် ယာဉ်ပိုင်ရှင်ဖြစ်ပြီး ပိုင်ရှင်ရဲ့  အုပ်ထိန်းသူဖြစ်တယ်။ ယာဉ်တိုက်မှုမှာ တာဝန်ရှိ တယ်"

"ကျွန်တော် မမေ့ပါဘူး "

ယာဉ်ထိန်းရဲသားငယ်က ဖုန်းကိုယူကာ တိတ်ဆိတ်သောနေရာသို့ လျှောက်သွားခဲ့သည်။

******-*****


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now