Part(8)

4K 127 1
                                    

        အပိုင်း(၈)

"ကိုကို..."

"ညီမလေး ညီမလေးလား..."

"ဟုတ်ပါတယ် သမီးပါ..."

"ဘာဖြစ်တာလဲ အသံမကောင်းဘူး စည်းချက်ညီညာ နှိပ်စက်တာလား...ကိုကိုအခုလာခဲ့မယ်"

သသရဲ့အသံက ဝမ်းနည်းသံပေါက်နေတာကြောင့် သခင်စိုးရိမ်စွာမေးလိုက်မိသည်။

"ဟင့်အင်း သမီးအခုကျောင်းမှာ..."

"‌ကျောင်း...?"

"သမီး ဆေးကျောင်းတက်ခွင့်ရတယ်..."

"ဟုတ်လား ဝမ်းသာတယ်..."

သခင်စိတ်ထဲကနေ စည်းချက်ညီညာကို ကျေးဇူးတင်လိုက်မိသည်။ ညီမလေးကို အခွင့်အရေးကောင်းတွေပေးလို့။

"ကိုကိုအခုဘာလုပ်နေလဲ..."

"အပြင်မှာ စစ်ဆေးစရာရှိလို့ ဆေးရုံကိုခဏသွားနေတာ...အပြန်ကျ ညီမလေးဆီလာခဲ့မယ်..."

"ဟင့်အင်း ကိုကို..."

"ဟင်..."

"ကိုကို့ကို ချစ်တယ် ဖေကြီးနဲ့မေကြီးကိုလည်းချစ်တယ် သမီးကို ပျော်အောင်လုပ်ပေးလို့ ကျေးဇူးလည်းတင်တယ် ကိုကိုက သမီးအတွက် အစ်ကိုကောင်းတစ်ယောက်ပါ ကိုကို....ပြီးတော့ သမီးကိုကို့ကိုလွမ်းတယ်...ဘယ်အချိန်ပြန်တွေ့နိုင်မလဲဆိုတာ မသိပေမဲ့ အချိန်ရှိရင် ကိုကိုနဲ့တွေ့ချင်သေးတယ်..."

"ညီမလေး စိတ်ညစ်စရာရှိတာလား..."

"ဒါပဲနော် ကိုကို အတန်းချိန်ရောက်ပြီ..."

သခင်ဘာမှပြန်မပြောခင် သသ မျက်ရည်တွေကို လက်ခုံနဲ့ဖိသုတ်ကာ ဖုန်းကိုချလိုက်သည်။

သခင် ဖုန်းချလိုက်ပေမဲ့ ညီမလေးရဲ့စကားတွေကြောင့် သခင် ဆေးရုံကိုမသွားတော့ဘဲ သသရှိရာဆီ ကားကို ပြန်ကွေ့ကာ ဦးတည်လိုက်သည်။

"တောင်းပန်ပါတယ် ကိုကို..."

လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အိပ်ဆေးဘူးကို ဖွင့်ကာ အလုံး(၂၀)လောက် သောက်လိုက်မိသည်။

"ဒါက အကောင်းဆုံးနည်းလမ်းပဲ အိမ်မက်သခင်..."

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now