"ဒေါက် ဒေါက် ဒေါက်..."
တံခါးခေါက်သံကြောင့် နေရာမှထကာ အခန်းတံခါးအား ဆွဲဖွင့်လိုက်တော့ အခုမှ အလုပ်မှပြန်ရောက်ပုံရသော ရှင်းခန့်အား အခန်းရှေ့မှာ အခန့်သား ရပ်နေတာကို တွေ့လိုက်ရကာ
"ပြန်လာပြီလား...."
နှစ်ယောက်ကြားမှာ ပြဿနာတစ်စုံတရာ မရှိခဲ့ကြသလိုမျိုး ရှင်းခန့်က အေးဆေးတည်ငြိမ်နေသော မျက်နှာအမူအယာဖြင့် မေးလေတာကြောင့် ဒေါန၏ မျက်ခုံးတို့ တွန့်ကွေးသွားရပြီးမှ....
"ဘာလဲ..."
ဘာအကြောင်းကိစ္စရှိသလဲလို့ ရည်ရွယ်ပြီး မေးလိုက်တော့ ရှင်းခန့်က ဒေါန၏ တစ်ကိုယ်လုံးလား စုန်ချည်ဆန်ချည် ကြည့်ပြီးတော့မှ....
"ပြန်လာပြီဆိုလို့ လာကြည့်တာလေ.."
"စောက်ပိုတွေ လာလုပ်နေပြန်ပြီ.."
ဒေါန ခပ်ကြိတ်ကြိတ် ပြောတော့ ရှင်းခန့်က ခပ်လွန့်လွန့် ပြုံးလိုက်ပြီးမှ....
"လိုနေတာတွေ မင်းမသိလို့ပါ..."
ရှင်းခန့် ဘာကိုပြောချင်နေတာလဲ နားမလည်တော့ နဂိုမကြည်တဲ့ စိတ်အခံက စိတ်မရှည်နိုင်ဖြစ်လာရကာ...
"ဘာလဲ ဘာပြောချင်နေတာလဲ ဝေ့မနေနဲ့ ဒဲ့ပြော မပြောရင်လည်း လစ်တော့ ငါ့ကိုလာမရှုပ်နဲ့.."
ခပ်ဆတ်ဆတ် ပြောရင်းဖြင့် ဒေါနက တံခါးကို ဆွဲပိတ်ဟန်ပြင်တော့ ရှင်းခန့်က ပြန်ဆွဲထားပြီးမှ
"ဘာဖြစ်တာလဲ နေပါအုံး မတွေရတာ ၅ရက်လောက်ရှိပြီကို..."
မထီတရီ အပြုံးများဖြင့် အယောင်မကျသေးသော မျက်နှာကြီးအား ဆွဲထိုးပစ်ချင်စိတ်ကို အတင်းအကျပ် ချိုးနှိမ်နေရင်းဖြင့် ဒေါန အံကို ခပ်တင်းတင်း ကြိတ်ပြီးမှ....
"ရှင်းခန့်မောင်....."
ခပ်ကြိတ်ကြိတ် အော်သံကို ရှင်းခန့်က သဘောကျသည့်အလား နှုတ်ခမ်းတွန့်ပြုံးပြီးတော့မှ....
"မင်းဘယ်ကိုပဲသွားသွား နောက်ဆုံးတော့လည်း ဒီအရိပ်ကိုပဲ မင်းပြန်လာရတာပဲ မဟုတ်လား.."
"ဘာ..."
ဒေါန ဘာကနဲ ဖြစ်သွားပြီးတော့မှ မေးကြောတို့ တင်းကနဲဖြစ်သွားရကာ...
YOU ARE READING
Green Eye(complete)
General Fiction!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အမှန်တော့ မင်းက က်ိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ...! ...