Part(13)

7.1K 610 29
                                    

Unicode

"ကျွန်တော့် ရှေ့မှာ"

"ဘယ်လို"

မဂ္ဂ ရုတ်တရက်တော့ စဥ်းစားကျပ်သွားရသည်။တဖြည်းဖြည်းမှ သဘောလာသလို ရှိတာကြောင့် အနည်းငယ်ပြုံးမိသွား၏။မာချင်နေသည့် သူ့စိတ်ဟာ အခုတော့ သူမဟုတ်တော့သလိုပဲ။

"ကိုယ့်ကိုပြောနေတာလား"

"အင်း"

ဆတ်ဆတ်ကြဲတက်ကြွနေတတ်သည့် ချာတိတ်က ဒီနေ့မှ မျက်နှာငယ်လေးနှင့် စကားနည်းနေ၏။ ထူးဆန်းလိုက်ပါဘိ။ ဟေ့လူကြီးဆိုပြီးခေါ်တတ်သော အာကျယ်လေးက အခုတော့ ကိုကိုကြီးပါတဲ့​...။

"ကဲ ဆိုပါဦး...ကိုယ့်နောက်လိုက်လာတာ ဘာကိစ္စလဲ"

"ကျွန်တော် အိပ်မပျော်လို့...အဲတာကို တွေးမိတိုင်း ခင်ဗျားမျက်နှာကြီးက ပေါ်ပေါ်လာတယ်။အိမ်မက်ထဲမှာတောင် ခင်ဗျားက ကျွန်တော့်ကို အမြဲ ရန်စွာတယ်..."

"နေ...နေပါဦး ချာတိတ်ရ...မင်းကိုယ့်ကိုများ စိတ်ထဲစွဲနေ..."

"ဘာလို့...စွဲရမှာလဲ။ ခင်ဗျားကိုယ်ခင်ဗျား အထင်ကြီးနေတာလေးတွေ လျှော့ဦး...အခုကလည်း ခင်ဗျားဝင်သွားတာ တွေ့လိုက်လို့"

"ဆိုပါဦး"

သူစိတ်ထဲ ရယ်လိုက်မိသည်။အခုမှ မြတ်သောသင်္ခတို့ ဇာတိပြသည်။ နှုတ်ခမ်းတထော်ထော်ဖြင့် ပက်ခနဲ ပြန်ပြောနေပုံက သူနှင့်စတွေ့တုန်းက ပုံစံလေးအတိုင်းပဲမလား။

"ခင်ဗျားမရယ်နဲ့"

"ဘယ့်နှယ် ခင်ဗျားတုန်း...အစောနက ကိုကိုကြီးဆို"

"ဘာနေနေပေါ့...အခုက ခင်ဗျားကို ဝန်ခံစရာရှိလို့"

'ဘာလဲ ကိုယ့်ကိုကြိုက်နေတာလား'လို့ မေးရန်ပြင်ပြီးမှ အရှိန်သတ်လိုက်သည်။ ချာတိတ်က အခုမှ ကလေးသာသာ အရွယ်ပဲရှိသေးသည် ။ ပြီးလျှင် ကိုယ်ကလည်း ယောကျ်ား​သား...ဒါက ဒီကလေးအတွက် သင့်တော်သည့် အမေးစကား မဟုတ်ပေ ။

"ဟေ့...အရှည်ကြီး...ပြောနေတာ ကြားရဲ့လား"

"ဟမ်"

ချာတိတ်ကတော့ သူ့ကို နာမည်မျိုးစုံဖြင့် ကင်ပွန်းတပ်နေတော့တာပင်။ သူ့မှာသာ သဘောကျပြီးရင်း ကျနေရတော့၏။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now