|106|

1.5K 275 8
                                    

[Unicode]

ကားပေါ်မှဆင်းလာတဲ့ ဝတ်စုံပြည့်ဖြင့်အမျိုးသား။
သူက ဟယ်ရှင်းချွမ်လိုမျိုး သပ်သပ်ရပ်ရပ်ဝတ်စားထားတာတော့မဟုတ်ပေ။
အပေါ်အင်္ကျီရဲ့ကြယ်သီးသုံးလုံးလောက်ကို ဖွင့်ဟထားကာ၊ ရင်ဘတ်သားတွေကို အတိုင်းသားမြင်နေနိုင်တယ်။

ခြေတံရှည်ရှည်တွေဟာ ဟယ်ရှင်းချွမ်နဲ့မိန်းကလေးရှိရာသို့ တန်းမတ်စွာလျှောက်လာတယ်။

ကောင်မလေးရဲ့မျက်နှာက နီသထက်ပိုနီလာခဲ့ပြီ။
ဟယ်ရှင်းချွမ်ရဲ့အင်္ကျီအနားစကို ဆွဲလာရင်း
"စီနီယာ! စီနီယာ! ညီမတော့ ချစ်မိသွားပြီ!"

ဟယ်ရှင်းချွမ်: "......"

အနားသို့နီးကပ်လာတဲ့ အမျိုးသားကြောင့်၊ ကောင်မလေးဟာ ခေါင်းတောင်မဖော်နိုင်တော့ဘူး။

ထိုအမျိုးသားရဲ့အကြည့်တွေကတော့ ဟယ်ရှင်းချွမ်မျက်နှာပေါ်မှာသာ။
"ဓာတ်ပုံရိုက်ပြီးသွားပြီလား? မင်းနဲ့တွဲရိုက်လို့ရအောင်၊ ငါလည်း ဝတ်စုံပြည့်ဝတ်လာခဲ့တာ"

ကောင်မလေး: "......"

အလယ်မှာရပ်နေရတဲ့ဟယ်ရှင်းချွမ်က ယန်ထန့်ကျောပြင်ကို လှမ်းပုတ်လိုက်ပြီး
"မိတ်ဆက်ပေးမယ်၊ ဒါက ငါ့ရဲ့ချစ်သူ ယန်ထန်တဲ့"

ကောင်မလေး: "......"

တစ်ရက်တည်းမှာ နှစ်ခါပြန်အသည်းကွဲခြင်း။
မဆိုးပါဘူး...အသစ်အဆန်းခံစားချက်လေးပေါ့!

ညအချိန်က အတော်လေးနောက်ကျနေခဲ့ပြီ။
ဟယ်ရှင်းချွမ်နဲ့ ယန်ထန်က ဓာတ်ပုံရိုက်ဖို့အတွက်၊ လိုကေးရှင်းအသစ်ရွေးမနေတော့ဘူး။
ထိုဂိတ်ဝနားမှာပဲ လှည့်ပတ်ပြီးဓာတ်ပုံရိုက်တယ်။

"ပုံတွေပို့နေတာလား? ဘယ်သူ့ဆီကိုလဲ?"

"စီနီယာလီချင်းဆီကိုလေ။ သူက ဓာတ်ပုံအေဂျင်စီမှာလုပ်ဖူးတယ်၊ ကာလာပြန်ညှိတာကို အကူအညီတောင်းမလို့။ အာ! မနက်ဖြန် ရုံးချုပ်သွားပြီး၊ စာချုပ်လက်မှတ်ထိုးရမှာ။ အိမ်က ကလေးနှစ်ယောက်ရဲ့နေ့လည်စာကို ထန်ကောတာဝန်ယူလိုက်နော်"

ယန်ထန်က ချက်ချင်းမေးခွန်းထုတ်လာပါတယ်
"အပြင်မှာ လိုက်ကျွေးလို့ရတယ်မလား?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now