အပိုင်း ၁၁၆ (မင်းသားလေး)

3.3K 408 1
                                    

[Zawgyi]


မီးခိုးရောင်လေးနဲ့ မလှမ်းမကမ်းလောက်မှာ ကြိုးချည်ထားတဲ့ အနီမှိုင်းမှိုင်းအရောင် မြင်းတစ်ကောင် ရှိလေတယ်။ ထိုအချိန်မှာတော့ သူက သူရဲ့ စားကျင်းခွက်ထဲက ကောင်းမွန်တဲ့ ပဲစေ့ မြင်းစာတွေကို လုံးဝ စိတ်မဝင်စားနေပါချေ။ သူက သူ့ရဲ့လည်ကို ဆန့်ထုတ်လိုက်ရင်း အရှေ့က မြည်းလေးရဲ့ မြက်ခြောက် ကြမ်းတွေကို စားဖို့ကြိုးစားနေလေတယ်။ သို့သော်လည်း သူသွားနိုင်တဲ့ အကွာအဝေးကို ကြိုးနဲ့ ကန့်သတ်ထားတာ ဖြစ်တယ်။ သူစားချင်တဲ့တစ်စုံတစ်ရာကို မစားနိုင်တဲ့ ခံစားချက်က သူ့ကို အလွန် စိတ်တိုအောင် လုပ်နေတာမို့ သူက အနောက်ကိုသာကန်နေနိုင်ပြီး သူ့ခေါင်းကို မြှောက်လျက် မရပ်မနား မြည်ဟီးနေတော့တယ်။

သူ့ရဲ့ ပိုင်ရှင်က အသီးအရွက်ချဉ်ဆိုင်ထဲက ထွက်လာတာနဲ့ သူ့ရဲ့ ချစ်လှစွာသောမြင်းလေးရဲ့ ဒေါသ အမျက်ခြောင်းခြောင်းထွက်ကာ အော်ဟစ်နေသံ ကြားရတဲ့ဆီကို ခြေလှမ်းကျဲကျဲနဲ့ အမြန် လျှောက်လာ တော့တယ်။ ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချောမောတဲ့ လူငယ်လေးက ရယ်လိုက်ပြီး ဆူပူတော့တယ်

တိမ်နီလေး မင်းကတော့ တကယ့်ကို အရှက်မရှိ ပြုမူနေတာပဲ! မင်းဘာလို့ ပဲစေ့မြင်းစာကောင်းတာ တွေကို မစားဘဲနဲ့ သူများရဲ့ မြက်ခြောက်ကို အငမ်းမရဖြစ်နေရတာတုန်းကွ မင်းကတော့ အစားအစာလေး အတွက် မြည်းလေးတစ်ကောင်နဲ့ ရန်ဖြစ်ချင်နေတဲ့ တကယ့် ရှက်စရာ အကောင်ပဲကွာ!!

အနီမှိုင်းရောင်မြင်းလေးက သူ့ပိုင်ရှင်ရဲ့ စကားလုံးတွေကို နားလည်ပုံပေါ်ပြီး သူကြိုးကနေ လွတ်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရင်း အသံမျိုးစုံကို ပြုလုပ်နေလေတယ်။ လူငယ်လေးက ကြိုးကို လျှော့ပေးလိုက်တာနဲ့ အနီရောင်မြင်းလေးက မြည်းလေးဆီကို ချက်ချင်း ပြေးသွားတော့တယ်။ သူက မီးခိုးရောင်လေးအား ဘေးကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ပြီး ကျန်နေတဲ့ အစာတွေကို အငမ်းမရစားတော့တယ်။ သူက မီးခိုးရောင်လေးကိုတောင် သူ့အတွက် မြက်ခြောက်တွေ မချန်ပေးထားလို့ အပြစ်တင်နေသလိုမျိုး မကျေမနပ်နဲ့ အော်ဟစ်နေလိုက်သေးသည်!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now