28 (Z)

1.6K 81 8
                                    

အပိုင်း ( ၂၈ )
ဖွင့်ဟ၀န်ခံခြင်း

" ကိုး.."

ဆီးစပ်ခုံကနေတဆင့် အောက်ဘက်ဆီ လျှောဆင်းခါနီး အချိန်မှီလေးမှာတင်.. သော်တာနိုင်က ကိုးရဲ့ပါးပြင်နှစ်ဖက်ကို ခပ်ဖွဖွ ဆွဲကိုင်ကာ မျက်နှာကိုမော့ယူလိုက်တော့သည်။

အတိုင်းအဆမဲ့ ကျယ်ပြန့်လွန်းသော မျက်ဝန်းတွေဟာ လိုအင်ဆန္ဒတွေ တပုံတပင်နဲ့ တဖျတ်ဖျတ် တောက်ပနေပြီး အတောမသတ်နိုင်သေးသည့် နှုတ်ခမ်းလွှာတွေကိုလည်း နီနီထွေးထွေး လျှာဖျားလေးက တသပ်သပ်။ အလွန်အကျွံ ယစ်မူးနေဟန်ရှိသည့် ကိုးရဲ့အမူအရာတွေကြောင့် သော်တာနိုင့်ခမျာ ကြက်သီးတဖျန်းဖျန်းထလာကာ ကျောရိုးတွေထိတောင် တုန်တက်သွားရသည်။

" ကိုး.. မင်း အိပ်မက်ယောင်တုန်းလား.. နိုးနေတာလား.."

တိုးတိုးဖွဖွ ဒီအမေးကို ကိုးက ကြားသည့်ပုံမပေါ်။ ခေါင်းကို ဘယ်ညာယိမ်းကာ ရုန်းကန်ရင်း သူ့ပါးကို ထိန်းကိုင်ထားသည့် သော်တာနိုင့်လက်တွေကိုသာ အတင်းဆွဲဖြုတ်နေသည်။ ရီဝေဝေ မျက်ဆံများဟာလည်း အသိမရှိတော့သည့်ပုံနှယ်။ အတင်းကာရောဖြင့် သော်တာနိုင့်အတွင်းခံဘောင်းဘီကိုဆွဲချပစ်လိုက်တော့သည်။

အခန်းမီးရောင်အောက်မှာ ဖင်တုံးလုံး ဖြစ်သွားရသည့် သူ့အဖြစ်ကို သူ ရှက်လွန်းလို့ ဒီချီးကျကောင်ကို ဆောင့်ကန်ပစ်ချင်စိတ် ပေါက်လာလေပြီ။ တကယ်ဆို နှစ်ဦးနှစ်ဖက် ကောင်းကောင်းမွန်မွန် ဆွေးနွေးပြီးမှ အဆင့်တက်လည်းရပါရဲ့နဲ့.. မိန်းမပျိုလေးကို အဓမ္မကျင့်တော့မယ့်ပုံစံမျိုးတွေနဲ့ သူ့ကို ဘာလာလုပ်နေတာလဲ။

" ဟေ့ရောင်.. ဘာဖြစ်နေတာလဲ.. ငါ့ကိုလေးစားသမှုလေးတောင် မထားတော့ဘူးလား.."

သော်တာနိုင်က ခပ်တိုးတိုး အော်သည်။

အသံကျယ်လို့လည်းမဖြစ်၊ ညအချိန်မို့ တအိမ်လုံးနှင့် ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေသည့်အပြင် ဒီအိပ်ခန်းတွေက အသံလုံအောင် တည်ဆောက်ထားခြင်းမဟုတ်။ အသံဗလံတွေကြားလို့ သူ့အဖေနဲ့သူ့အမေက လာကြည့်ပါပြီတဲ့.. ဒီလိုဖင်တုံးလုံးနဲ့ ကိုးနဲ့ ဒီလိုပူးကပ်နေတာမျိုးကြီး မြင်သွားလို့ကတော့..။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now