Chapter 5.2

7.4K 1K 56
                                    

"After Break Up I Got Married ''

{Unicode }

အမှန်တော့ ထိုအိမ်လေး ဟာ သူနေထိုင်ဖို့ရာ ကျန်းချူနမ် က ဝယ်ပေး ထားတာပဲ ဖြစ်တယ်။ ဒါကြောင့် သူလက်ထပ်ပြီး ရင် ထိုအိမ်မှာ နေလို့လဲ ရသလို မနေချင်လဲ ရလေတယ်။ ဒါပေမယ့် အဲ့တာ သူ့ပိုင်ဆိုင်မှုလို့ မှ သက်မှတ်လို့ မရတာကြီးကို။

အကြည့် တစ်ချက်နဲ့တင် ရှုပေါ်စု က အလားအလာ ကောင်းတဲ့ လူတစ်ယောက် ဖြစ်ကြောင်း မြင်နိုင် နေတာမို့ တကယ်လို့ သူတို့ လက်ထပ် ဖြစ်ခဲ့ရင် ရှုပေါ်စု  ပစ္စည်းတွေ ထဲက တစ်ဝက်ကို သူက လင်မယား ခွဲတမ်း အရ တစ်ဝက် ပိုင်ဆိုင်ရလိမ့်မယ်။  အဲ့ကျရင် သေချာပေါက် သူ့မှာ ကိုယ်ပိုင် ပိုင်ဆိုင် မှုရှိလာတော့မှာကွ......။

ရှုပေါ်စု ပစ္စည်း တွေကို သူရတော့မယ်!

အဲ့တော့ ဘာဖြစ်သလဲ! !

ဘယ်သူက ဒီလူလိမ်ကောင် ကို တာဝန်ယူ ပေးပါလို့ပြောနေလို့လဲ!

အဲ့ကောင်သာ သူ့ကို မလုပ်ခဲ့ရင် သူကလည်း လက်ထပ်မှာ မဟုတ်ပါဘူး နော်။

သူက အဲ့လူလိမ်ကောင်ကြီး ကို လည်း သူနဲ့သာ မအိပ်ခဲ့မိရင် လှည့်တောင် ကြည့်မှာ မဟုတ်နေပါဘူးနော်။

[အမ်းဘာ ရှင့်ကို ကျွန်မ တို့က ဘာပြောနေလို့တုံး]

တကယ်လို့ ရှုပေါ်စု သာ ဖောက်ပြန် ကြည့်စမ်းပါ! သူမွေးလာတာကို နောင်တ ရအောင် လုပ်ပစ်ပလိုက်မယ် ဟမ့်!

ရှုပေါ်စု ကတော့ သူ့ခါးဆီကို အတင်းဖက်ထားတဲ့ ထိုကောင်လေး ရဲ့ လက်လေး ၂ ဖက်ကို ကြည့်ကာ ပြုံးလိုက်မိတယ်။ နောက်တော့ လက်လေး တစ်ဖက်ကို သူ့လက်ကြီး တစ်ဖက် နဲ့ဆုပ်ကိုင်ကာ သူတို့ ၂ယောက်ကြားမှာ ထားခဲ့တယ်။

အသက် ၂၆ နှစ် လုံးလုံး တစ်ကိုယ် တည်း ဖြတ်သန်းခဲ့ရတဲ့ သူ့ဘဝက အခုဆို ချစ်ရမယ့် ကလေးလေး ရှိလာခဲ့ပြီပဲ ဖြစ်တယ်။ မနေ့ည ကနေ အခုချိန် အထိ ကို ကြုံခဲ့ရသမျှ တွေက သူ့ဘဝ မှာ အဆန်းကြယ်ဆုံး လို့တောင် ပြောလို့ရတယ်။ ရုတ်တရက်ပဲ တိတ်ဆိတ်နေတဲ့ ဘဝကြီးမှာ ဆူညံပူညံသံလေးတွေ လုပ်မယ့် ကောင်လေး တစ်ယောက် ဝင်လာခဲ့ ပြီပဲ ဖြစ်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now