Ep-20(Uni/Zg)

89.7K 6.1K 547
                                    

မနက်ဖန်သွားရမဲ့ ကျတော့်ရဲ့ပထမဆုံး အလည်အပတ်ခရီးအတွက် လိုအပ်တဲ့အ၀တ်အစားတွေ အသုံးအဆောင်တွေကို ပြင်ဆင်ပီး အိတ်ထဲထည့်ထားလိုက်တယ် ကြားထဲက ရက်တွေမှာလဲ လိုအပ်တဲ့ပစ္စည်းတွေသွား၀ယ်ထားတာမို့ တော်တော်လေးပြည့်စုံနေပီထင်တယ်...ကျတော့်ရဲ့စိတ်တွေကလဲလှုပ်ရှားနေတယ် တခါမှဒီအိမ်ကြီးကနေအ၀ေးကို မသွားဖူးတာကြောင့် ဒီတခေါက်ခရီးစဥ်လေးကတော့ ကျတော့်အတွက်အမှတ်တရလေးဖြစ်နေမယ်ထင်တယ်....
ဒီနေ့မှထူးထူးဆန်းဆန်း ကျတော့်ကိုအမြဲလာနှောင့်ယှက်သူက မနက်ထဲက ပျောက်နေတာ အခုချိန်ထိပဲ...အလုပ်တွေရှုပ်လို့အပြင်မှာပဲအိပ်သလားမသိပေမဲ့ မနက်ဖန်သွားမဲ့ခရီးအတွက် သူလဲပြင်ဆင်ထားသင့်တယ်မှတ်လား

' ဒုန်း.....ခလွမ်း!!'

ဘေးချင်းကပ်အခန်းက ပစ္စည်းကိုင်ပေါက်သံတွေကြားလိုက်တာကြောင့် ကျတော့်ရဲ့ပျော်နေတဲ့အတွေးအာရုံတွေက ချက်ချင်းကွယ်ပျောက်သွားခဲ့တယ်...ဘယ်အချိန်ကပြန်ရောက်လာလဲမသိပေမဲ့ အပြင်ကပြန်လာတာနဲ့ သောင်းကျန်းနေတဲ့ပုံပဲ သန်းခေါင်ယံအချိန်ဖြစ်တာကြောင့် အောက်ထပ်ကလူတွေကတော့ သူသောင်းကျန်းနေတာ သိမဲ့ပုံမပေါ်...အရင်က ဒီလောက်ထိရမ်းကားတာမမြင်ဖူးပေမဲ့ တခုခုကိုစိတ်တိုလာလို့ ဒေါသတွေပေါက်ကွဲနေတာထင်တယ်...အခြေအနေကိုသိချင်တာကြောင့် ကျတော့်ရဲ့ခြေလှမ်းတွေက သူရှိရာအရပ်ကို ဦးတည်သွားခဲ့တယ်

တွန့်ဆုတ်နေတဲ့လက်တွေကို သတ္တိမွေးပီး အခန်းတံခါးကို မ၀ံ့မရဲဆွဲဖွင့်လိုက်ပေမဲ့ ကျတော်မြင်လိုက်ရတဲ့ မြင်ကွင်းက ထိတ်လန့်စရာကောင်းနေခဲ့တယ်... ဘာအပြစ်အနာဆာမှမရှိတဲ့ သူ့မျက်နှာက ကျတော့်အတွက်ထိတ်လန့်စရာကောင်းအောင်ကို ဆိုးရွားနေခဲ့တယ်
လက်ဆစ်တွေကလဲ သွေးများပင်ဆို့ကာ ယောင်ကိုင်းနေတယ်
ဘုရားရေ....သူနံရံကို လက်သီးတွေနဲ့ထိုးထားတာပဲ..နံရံမှာလဲ သွေးအလိမ်းလိမ်းပင် ကြမ်းပြင်မှာလဲ သူကိုင်ပေါက်ထားတဲ့ပစ္စည်းတွေက ပြန့်ကျဲလျှက်

' ခင်ဗျား အဆင်ပြေရဲ့လား '

'  လွန်းတာနေဆန်း!! မင်းအခုထွက်သွားစမ်း ငါတယောက်ထဲနေချင်တယ် '

HANARY(S1+S2) Where stories live. Discover now