Part(10)

4.5K 139 2
                                    

        အပိုင်း(၁၀)

"ဒါက ကိုကို့တိုက်ခန်းပဲ အဆင်ပြေပါ့မလား..."

လူကုံထံတွေနေတဲ့တိုက်ခန်းမျိုးမဟုတ်ပေမဲ့ နေလို့အဆင်ပြေမဲ့နေရာမို့ သသခေါင်းငြိမ့်လိုက်သည်။

"ရပါတယ် ကိုကို သသနေတတ်ပါတယ်..."

"အင်း အခန်းကနှစ်ခန်းဆိုတော့ ညီမလေးအတွက် အဆင်ပြေသွားတယ်..."

"ကျေးဇူးပါ ကိုကို အစစအရာရာကူညီပေးခဲ့လို့..."

"မဟုတ်တာ ညီမလေးက ကိုကို့ရဲ့ညီမလေးပဲလေ...ကိုကိုတို့က တစ်မိသားစုထဲတွေ..."

"ဟုတ်..."

"ညီမလေး ခဏနားလိုက် ကိုကို အားရှိစေမဲ့ဟင်းလေး ချက်လိုက်ဦးမယ်..."

"ဟုတ်..."

သသ တစ်ကယ်ပင်ပန်းနေတာကြောင့် ကိုကိုရဲ့စကားကို မပယ်ရှားတော့ဘဲ အခန်းထဲဝင်လာခဲ့လိုက်သည်။

လူမနေထားသည့်အခန်းဖြစ်တာကြောင့် အနည်းငယ်ဖုန်တက်နေ၍ သသသန့်ရှင်းရေးကို အရင်လုပ်လိုက်သည်။

အရမ်းကြီးမညစ်ပတ်‌တာကြောင့် အချိန် ခဏသာပေးလိုက်ရသည်...ပြီးနောက် သသ ကုတင်ဘေးမှာ ထိုင်ချကာ...ဝါဝါမခေါ်သွားခင်မှာ ရိုက်ထားတဲ့သားဓာတ်ပုံလေးကို ထုတ်ကြည့်မိသည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်သားရယ်...အဟင့်...မေမေ့ကိုခွင့်လွှတ်ပါ..."

သသ ငိုပြီးတောင်းပန်စကားဆိုနေပေမဲ့ ငယ်ရွယ်လှတဲ့ကလေးကတော့ နားလည်လိမ့်မည်မဟုတ်ပေ။

သသကို စိတ်မချ၍ တံခါးကိုဖွင့်ပြီးကာမှ ဖုန်းကိုကြည့်ပြီး ငိုနေတဲ့သသကြောင့် သခင် တံခါးကို အသာပြန်ပိတ်လိုက်သည်။

"ဒီတိုင်းဆို ညီမလေးကို ကိုကိုပျော်အောင်ထားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်က အရောင်မှိန်သွားတယ်...ဟင်း...."

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

စည်း နေ့တိုင်း ဂေဟာကို အမြဲသွားပြီး သားလေးနဲ့ဆော့ပေးသည်။ တစ်ခါတစ်ခါ သသကိုသတိရမိပေမဲ့ စိတ်ကိုတင်းကာ သားအပေါ်မှာပဲ အာရုံစိုက်နေလိုက်သည်။

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now