[ 37 ]

29.2K 2.4K 62
                                    

[ သူကြီးသမက် ]

လများစွာကြာပြီနောက်။

အခုဆိုအရိပ်ကိုယ်ဝန်ကမွေးလစေ့ခဲ့ပြီဖြစ်၏ မိန်းကလေးတွေလိုဗိုက်နာချိန်စောင့်ပြီး ရိုးရိုးမွေးဖွားရန်မဖြစ်တာကြောင့် နေ့ကောင်းရက်သာရွေးပြီး ခွဲမွေးရန်မကွေးမြို့ပေါ်ကအပြင်ဆေးရုံတစ်ခုမှာ အရိပ်ကိုယ်ဝန်စရှိချိန်ကတည်းကတစ်လတစ်ခါလာပြတဲ့သားဖွားဆရာဝန်နဲ့တိုင်ပင်ကာရိုးလိုချင်တဲ့သောကြာနေ့လေးကိုမွေးဖွားရန်ရက်သတ်မှတ်လိုက်သည်။

" အရိပ်လေး ဘာမှမကြောက်နဲ့နော် ကိုယ်အပြင်မှာရှိနေမယ် "

ခွဲခန်းဝင်ရန်အတွင်းဝတ်တွေအကုန်ချွတ်၍ ပိုးသတ်ထားတဲ့ဝတ်စုံကိုလှဲလည်ဝတ်စဉ်နေတဲ့ အရိပ်ကိုကူပေးနေတဲ့ရိုးတစ်ယောက်အရိပ်ကိုစိုးရိမ်စွာ အားပေးစကားပြောနေပြီးအမှန်စစ်စစ်မှာတော့ အခုစိတ်လှုပ်ရှားနေတာအရိပ်မဟုတ်ပဲရိုးကိုယ်တိုင်ပဲဖြစ်နေသည်။

" ရိုး စိတ်အရမ်းလှုပ်ရှားနေတယ်နော် မသိရင် ရိုးခွဲမွေးရမှာကြနေတာပဲ "

စိတ်လှုပ်ရှားလွန်းပြီးဇောချွေးလေးတွေပြန်နေတဲ့ ရိုးနဖူးစပ်ကချွေးစလေးတွေကိုအရိပ်ကြင်နာစွာသုတ်ပေးပြီး ရိုးကိုပြန်နှစ်သိမ့်စကားဆိုလိုက်သည်။

" ဘာမှမစိုးရိမ်နဲ့နော် အရိပ်နဲ့အတူရိုးရဲ့ကလေးလေးပါခေါ်ပြီးမွေးခန်းထဲကပြန်ထွက်လာခဲ့မယ် "

" ချစ်တယ်အရိပ် ကိုယ်အရိပ်ကိုအရမ်းချစ်တယ် "

" အင်းပါ ရိုးအရိပ်ကိုချစ်တာ အရိပ်သိပါတယ် အရိပ်လည်းရိုးကိုအရမ်းချစ်တယ် ဒါကြောင့် အရိပ်ခွဲခန်းထဲဝင်ရင်အရမ်းစိုးရိမ်ပြီးစိတ်လှုပ်ရှားမနေနဲ့နော်အရိပ်နဲ့ကလေးလေးကိုစောင့်နေပေးကြားလား "

" အွန်း "

အရိပ်ကိုသူရင်ခွင်ကျယ်ထဲဆွဲဖက်ထားပြီးချစ်တဲ့အကြောင်းကိုတစ်ဖွဖွပြောနေတဲ့ရိုးအသံတွေကစိတ်လှုပ်ရှားမှုတွေကြောင့်တုန်နေ၏ ရိုးကျော့ပြင်လေးကိုခပ်ဖွဖွပြန်ပုတ်ပေးပြီးနှစ်သိမ့်စကားဆို၍ အရိပ်ခွဲခန်းထဲဝင်ခဲ့လိုက်သည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now