Chapter 36 Part 2 (U+Z)

6.1K 1.2K 21
                                    

-Unicode-

အခန်း ၃၆ (၂): ဟေ့လူ ခင်ဗျားရဲ့အမွှေးတိုင်အရသာက... တော်တော်လေး စုတ်ချာတာပဲ

တီးဝမ်က အသံလေးလေးနဲ့ ပြောတယ်: "ပြောကြည့်၊ စိတ်သန္တာန်မက်ခါတွေလုပ်နိုင်တဲ့ အဲဒီဆရာသခင်လေးက ကျွမ်းကျိုးဆိုတာ ဖြစ်နိုင်တယ်လို့ထင်လား"

"ပြောနေရင်းမှ သတိရတယ်" ဘယ်ရွန်ပေါ်သွင့်ကဆိုတယ်: "အွန်လိုင်းဆိုင်ကို ဘယ်သူမှတ်ပုံတင်ထားလဲဆိုတာ စုံစမ်းဖို့ လူလွှတ်လိုက်တုန်းက ဝမ်ရှောင်းယွင်က ငါ့ရှေ့ကလက်ဦးပြီး ဘာမှန်းမသိတဲ့အချက်အလက်တချို့ကို ဖျက်ဖို့ လူလွှတ်ထားပုံရတယ်။ အဲဒါက မင်းပြောတဲ့လူနဲ့ ဆိုင်နေလားတော့ ငါမသိဘူး။ ဘယ်လိုဖြစ်ပြီး သူ့ကိုသံသယဝင်နေတာလဲ"

တီးဝမ်က ပြောတယ်: "ဝမ်ရှောင်းယွင်ရဲ့ဝေါ့စီးကို အဲဒီဆရာသခင်လေး ပြင်ပေးထားတာ။ ဒါပေမဲ့ ငါ့ရဲ့စုံစမ်းချက်တွေအရ ဝမ်ရှောင်းယွင်က ဘယ်မှမသွားခဲ့ဘူး။ သူအမှိုက်ဂြိုလ်ကနေပြန်လာတုန်းက ဝေါ့စီးက ကယ်လုအန်းလက်ထဲမှာပဲ ရှိသေးတယ်။ နောက်တော့ ကယ်လုအန်းက သူ့ဆီကို ပို့ပေးလိုက်တယ်။ သိပ်မကြာလိုက်ဘူး၊ ဝေါ့စီးက ပြင်ပြီးသွားပြီး ချက်ချင်းကို စိတ်သန္တာန်မက်ခါအဖြစ် အဆင့်မြှင့်ခံလိုက်ရတယ်"

"ပြောရမယ်ဆိုရင် ဒီဆရာသခင်လေးက ဝမ်ရှောင်းယွင်နဲ့ ရင်းနှီးတဲ့သူလို့ သံသယရှိနေတာလား"

"အမှန်ပဲ"

"ဒါပေမဲ့ မမေ့နဲ့ဦး ငါတို့ ဒီကျွမ်းကျိုးကို အရင်က စုံစမ်းပြီးသား။ သူက မတော်တဆ အမှိုက်ဂြိုလ်မှာသောင်တင်နေပြီး တိုက်တိုက်ဆိုင်ဆိုင် ဝမ်ရှောင်းယွင်နဲ့ တွေ့ခဲ့တဲ့ ကြယ်စုဒုက္ခသည်တစ်ယောက်ဆိုတာ အဟုတ်ပဲ။ စစ်သင်္ဘော Wyvern နဲ့ ကယ်လာတာခံရအောင်ကို ကံကောင်းတဲ့သူ။ စကြဝဠာတစ်ခုလုံးမှာ သူ့အကြောင်း တခြားဘာသတင်းမှ မတွေ့ဘူး။ သူက ကျောင်းလည်းမတက်ဖူးဘူး၊ မူလတန်းတောင် မတက်ခဲ့ရဘူးဖြစ်မယ်။ သူ့ရဲ့ကြယ်စုဘာသာစကား ပြောနိုင်စွမ်းတောင်မှ စစ်သင်္ဘော Wyvern ပေါ်ရောက်မှ ပိုပြီးကျွမ်းကျင်လာတာပဲ။ စစ်သင်္ဘော Wyvern ပေါ်ကလူတော်တော်များများ ဒီအကြောင်းသိတယ်။ စကားတောင် ဟုတ်အောင်မပြောတတ်တဲ့သူတစ်ယောက်က ... မက်ခါလုပ်နိုင်မယ်လို့ ထင်လို့လား"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now