Part(11)

3.7K 121 0
                                    

       အပိုင်း(၁၁)

"သက် ဘာလုပ်နေတာလဲ "

စကားသံနဲ့အတူ ရာသက်ပန်ရဲ့ခါးကိုဖက်တွယ်လိုက်တဲ့စည်းကြောင့် သသမျက်နှာလွှဲလိုက်သည်။

'ဘာလို့ မမြင်ချင်တဲ့သူနဲ့အမြဲတွေ့နေရတာလဲ...'

"ဦးစည်း..."

သက်ရဲ့ခါးကို ဖက်ထားတဲ့ဦးစည်းလက်ကို ဆွဲလိမ်လိုက်ရင်း သသကိုကြည့်ကာ စည်းကို အံကြိတ်ပြီးပြောသည်။

စည်းလည်း မျက်ခုံးပင့်ပြလိုက်ပြီး သက်နဲ့ကိုယ်ချင်းကပ်သွားအောင် ခါးကို အတင်းဆွဲဖက်သည်။

သသကိုတော့ မရှိသလိုသတ်မှတ်ကာ လုပ်ချင်သလိုတွေလုပ်နေသည်။

"သွားတော့မယ် အလုပ်ရှုပ်နေတယ်ထင်တယ် မနှောင့်ယှက်တော့ဘူး "

သသ ဒီမြင်ကွင်းကို မြင်ရတာ မုန်းလွန်းတာကြောင့် လက်ကို ကျစ်နေအောင်ဆုပ်ရင်း စည်းတို့ကို ကျော်ကာ ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်‌ပြီး ဖုန်းကြည့်နေလိုက်သည်။

ဖုန်းကြည့်နေပေမဲ့ စိတ်အစဉ်က 'ရာသက်ပန်က ဘာကိစ္စရှိလို့ သူမနဲ့လာရောနေတာလဲ'ဆိုတဲ့ အတွေးက ကြီးစိုးနေသည်။

"ဒါဆို သက်သွားတော့မယ်နော် အိမ်မက်သခင် "

"အင်း "

သသကို လက်လှမ်းပြရင်း ရာသက်ပန်က စည်းရဲ့လက်မောင်းကို ဆွဲရင်း အပြင်ခေါ်ထုတ်သွားသည်။

"ဦးစည်း ရူးနေလား သက်နဲ့ဦးစည်းကို အိမ်မက်သခင်တစ်မျိုးထင်သွားမှာပေါ့ "

"ထင်ပါစေလေ ဒါမှသူနာကျင်ရမှာ သားကို တခြားသူလက်ထဲထည့်ပေးတဲ့အတွက်..."

"အိမ်မက်သခင်က အစကတည်းက နာကျင်နေခဲ့ရသူပါ ဦးစည်း ကိုယ့်အသက်နဲ့ရင်းပြီး မွေးထုတ်ခဲ့တဲ့ ကလေးကို သူကရော မချစ်ဘူးလို့ထင်နေတာလား ဦးစည်းက ဉာဏ်ကောင်းတဲ့သူပဲ စဉ်းစားကြည့်လေ ဝါဝါကဦးစည်းရဲ့လူ ဝါဝါ့ကိုပေးခဲ့တာ ဦးစည်းဆီပေးခဲ့တာနဲ့ အတူတူပဲ မဟုတ်လား "

"မဟုတ်ဘူး အိမ်မက်သခင်ဆိုတဲ့မိန်းမက ကလေးစိတ်နဲ့ရှင်သန်နေတဲ့သူ သူ့စိတ်ကလွဲရင် ကျန်တဲ့သူရဲ့စိတ်က အရေးမပါဘူး မင်းပြောသလို မဖြစ်နိုင်ဘူး သူက သားအတွက် အဲ့လိုစိတ်မျိုးတွေးမှာမဟုတ်ဘူး..."

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now