part 3.1

8.6K 714 13
                                    

ဇာတ်ကြောင်းဖတ်ကြည့်လိုက်တော့ ဒီကမ္ဘာ
က ယောကျာ်းမိန်းမအပြင် ကောတွေပါရှိသည်။

ဇာတ်လိုက်ကထန်နိုင်ငံကမင်းကြီးထန်လော့ရှီ
ဖြစ်ပြီး ဇာတ်လိုက်မက တော့ သာမန်အမတ်
အိမ်က သမီးလေး ချီချီဖြစ်သည်။ဇာတ်လိုက်
က သူငယ်စဉ်ကခနတာသာတွေ့ဖူးတဲ့
ငယ်ချစ်ဦးကိုရှာရင်းဇာတ်လိုက်မက သူ့အချစ်ဦး
မှန်းသိကာ မိဖုရားမြောက်လိုက်ရာကနေ
တဖြေးဖြေးချစ်သွားကြတဲ့ဇာတ်လမ်းဖြစ်သည်။

သူဝင်ထားတဲ့ကိုယ်ကဇာတ်လိုက်မရဲ့အစေခံ
လီမင်အာဖြစ်ပြီးမင်းကြီးရဲ့ကိုယ်လုပ်တော်
ဖြစ်သည်။သူဟာ ကော တစ်ယောက်ဖြစ်ပြီး
ငယ်စဉ်က မျက်နှာတွင်မီးလောက်ထား
တဲ့ဒဏ်ရာကြောင့် အမြဲမျက်နှာကိုပုဝါလေး
အုပ်ပြီးမျက်လုံးသာဖော်ထားသည်။မီးလောင်
စေတဲ့တရားခံကတော့ ဇာတ်လိုက်ချီချီကြောင့်
ဖြစ်သည်။ သူတို့ကယ်စဉ်က အိမ်ရှေ့စံနဲ့
လီမင်အာမတော်တစတွေ့ကြပြီး အိမ်ရှေ့စံက
မင်အာကို သဘောကျသွားကာ အမြဲလာတွေ့
ပြီး သီချင်းဆိုပြလေ့ရှိသည်။ဒါပေမယ့် အိမ်ရှေ့
စံဟာ မင်အာရဲ့နာမည်ကိုမသိသလို ကော
တစ်ယောက်ဆိုတာလဲမသိပေ။ထိုအကြောင်း
ကိုအမတ်သမီး ချီချီသိသွားပြီး မင်အာရဲ့လှလွန်း
တဲ့မျက်နှာအား မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်သည်၊
မင်အာကကံကောင်းစွာဘဲ ပါးပြင်တွင်သာ
မီးလောင်အနာဖြစ်ခဲ့သည်။နောက်ပိုင်း အိမ်ရှေ့
စံကတိုင်းတပါးပညာသွားသင်တာကြောင့်ထပ်
မတွေ့ရတော့ပေ။အသက်အရွယ်ရလာချိန်
အိမ်ရှေ့စံက နန်းတက်ရန်ပြန်လာပြီးကယ်ချစ်ဦး
အား ဧကရီမြောက်ရန်ပြင်တော့သည်။ဒါကိုသိ
တဲ့ချီချီက မင်အာနေပါကိုသူဝင်ယူကာ
ဟန်ဆောင်ခဲ့သည်။အိမ်ရှေ့စံနန်းတက်တော့
ဧကရီမြောက်ချင်ပေမယ့်သူအချစ်ဦးဆိုတဲ့မိန်း
ကလေးအပေါ်သူစိတ်ထားပြောင်းသွားတာ
ကြောင့်မိဖုရားငယ်အဆင့်သာ မြောက်လိုက်
သည်။လီမင်အာကပုဝါဖုံးထားတဲ့အလှကြောင့်မင်းကြီးက ချီချီရဲ့အစေခံနေရာကနေသူ့ရဲ့ကိုယ်လုပ်တော်အဖြစ်ထားခဲ့သည်။ချီချီက မင်အာဟာမင်းကြီးရဲ့ငယ်ချစ်ဦးမှန်း မင်းကြီးမသိအောင်မင်အာကိုမပြောဖို့ခြောက်လှန့်အနိုင်ကျင့်
သည်။နောက်ဆုံး မင်အာကို တခြားလူတွေနဲ့
စော်ကားခိုင်းကာ ကိုယ်ကျင့်တရားမကောင်းတဲ့သူအဖြစ်နန်းတော်မှထွက်သွားစေရန်ကြဲစည်ခဲ့သည်။မင်အာကနန်းပြင်ရောက်တာနဲ့အသတ်ခံရကာသေဆုံးခဲ့သည်။တရားခံကဇာတ်လိုက်မ
ပင်။ဇာတ်လိုက်နဲ့ဇာတ်လိုက်မကတော့သားသမီးတွေမွေးကာပျော်ရွင်စွာနေသွားကြသည်။

System Hobi (Completed)Where stories live. Discover now