Ep-21(Uni/Zg)

85.2K 5.6K 360
                                    

'အမလေး ကိုယ်ကျိုးတော့နည်းပါပီ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

'အမလေး ကိုယ်ကျိုးတော့နည်းပါပီ....ငါ့သားလေးရယ် ဖြစ်မှဖြစ်ရလေတော်'

ထင်တဲ့အတိုင်းပဲ အသဲပြဲကြီးနဲ့အော်ငိုနေတဲ့ မာမီကြောင့် ကျတော့်မှာထပဲပြေးရမလိုလို ဆက်ပဲနှစ်သိမ့်ရမလိုလိုနဲ့ လမ်းပျောက်နေတာတော့အမှန် ကျတော့်မျက်နှာက ဒဏ်ရာတွေမြင်ရင် မာမီဒီလိုဖြစ်မယ်မှန်းသိလို့ ခိုးကြောင်ခိုး၀ှက် အောက်ထပ်ဆင်းလာခါမှပဲ တည့်တည့်တိုးရတယ်လို့...

' မာမီရယ် မသိရင်ကျတော်သေသွားတယ်လို့ ထင်ကုန်ပါအုံးမယ် ကျတော်ဘာမှမဖြစ်ပါဘူး '

' ဘာမဖြစ်ရမှာလဲ ဒီဒဏ်ရာတွေဘယ်ကရလာတာဘဲ သားကိုဘယ်သူလုပ်တာလဲ မာမီ့ကိုအခုပြော '

' ဘယ်သူမှမလုပ်ပါဘူး ကျတော်ညက accidentအသေးစားလေးဖြစ်သွားတာပါ မာမီရယ် ကျတော်အဆင်ပြေတယ်နော် '

' သား မာမီမသိအောင် ပေါက်ကရအလုပ်တွေလျှောက်လုပ်နေတာတော့မဟုတ်ပါဘူးနော် '

' ကျတော်ဘာမှမလုပ်ပါဘူး ကျတော့်ကိုယုံနော် '

' ဘာပဲဖြစ်ဖြစ် သားမျက်နှာကို မာမီ့အသိဆရာ၀န်နဲ့ပြမှဖြစ်မယ် မဟုတ်ရင်အမာရွတ်ကျန်ကုန်မယ် '

' မာမီရယ် အခုလဲတော်တော်သက်သာနေပါပီ ဘာမှမဖြစ်ပါဘူး '

' ဟန်နရီ!! သားမာမီ့စကားကို ငြင်းပယ်တာတွေများနေပီနော် ဟန်နီနဲ့ကိစ္စတုန်းကလဲ မာမီဘယ်လောက်ထိခံစားသွားရလဲဆိုတာ သားသိတယ်နော် '

' ကဲပါ အဲ့တာဆို မာမီစိတ်ချမ်းသာအောင် မနက်ဖန်ဆေးခန်းလိုက်ခဲ့မယ် အခုတော့ ကျတော်ချိန်းထားတာလေးရှိလို့ သွားပါရစေတော့မာမီရယ် '

အချိန်အတော်ကြာတဲ့ထိ ကျတော်အဆင်ပြေပါတယ်ဆိုတဲ့အကြောင်းကို သေချာရှင်းပြပီးမှပဲ အိမ်ထဲကနေထွက်ခွင့်ရတော့တယ် မာမီရဲ့စိုးရိမ်တတ်မှုက ကျတော်လိုက်မမှီတဲ့ levelရောက်နေပီထင်ပါတယ်.....

HANARY(S1+S2) Where stories live. Discover now