Chapter (5.3)

7.4K 1K 59
                                    

"After Break Up I Got Married''

{Unicode}

နောက်ဆုံးတော့ ဓာတ်ပုံလည်း ရိုက်လို့ပြီးသွားခဲ့ပြီ။

ဒီလိုပဲ ဖြစ်ရမှာပေါ့ ဟမ့်!

သူတို့ ၂ ယောက်လုံး အတွက် လက်ထပ်ပြီး စီးကြောင်း စာအုပ်အနီလေးတွေ ရလာတဲ့ အခါမှာတော့ ကျန်းရှုက ထိုဟာလေးတွေကို သံမန်ကာလျှံကာ ပဲ ကြည့်ပြီးတော့ သူ့အိတ်ထဲကို စာအုပ်၂ အုပ်လုံး ပစ်ထည့်လိုက်တယ်။

သူ့ဘေးနားမှာ ရပ်နေတဲ့ အမျိုးသား ကတော့ သူတို့ရဲ့ လက်ထပ်စာအုပ်လေးတွေ ကို အသေအချာလေး ကိုင်ကြည့်ချင်နေပေမယ့် ဘေးကနေ မျက်လုံးလေးနဲ့ သာ ဖြတ်ကနဲ ကြည့်ခွင့်ရလိုက်တယ်။

" လက်ထပ်ပြီးပြီ ''

ငါ့မှာ ပြောစရာ စကားတွေ အများကြီး ရှိတယ် ဆိုတဲ့ ပုံနဲ့ ကျန်းရှုက ရှုပေါ်စု ကို ခပ်မိုက်မိုက် ကြည့်လိုက်တယ်။

" ဟုတ်ကဲ့ ''

ရှုပေါ်စုကလည်း ပြောသမျှ နာခံပါ့မယ် ဆိုတဲ့ ပုံစံလေးကို ထုတ်ပြပြီး ခေါင်းလေးငြိမ့်ကာ သဘောတူလိုက်တယ်။

" လက်ထပ်တယ် ဆိုတဲ့ အဓိပ္ပာယ် ကို ခများ သိသလား? "

ကျန်းရှုက သူ့နှုတ်ခမ်းတွေကိုကွေးပြီး မေးလိုက်တယ်။ ဒါပေမယ့် အဲ့ကွေးမှုက ပြုံးတာ တော့ လုံးဝ မဟုတ်ခဲ့ပါဘူး။ပြီး တော့ သူက ရှုပေါ်စု ရဲ့ ရင်ဘက်ကို သူတို့ လက်ထပ်စာအုပ်တွေ နဲ့ ရိုက်ကာ ပြောလိုက်တယ်။

" လက်ထပ်တယ် ဆိုတာက ဒီလို စာချုပ်တွေ နဲ့ လူကို မဖောက်ပြန်နိုင် အောင် ထိန်းချုပ် လိုက်တာပဲ ''

ရှုပေါ်စု ရဲ့ မျက်လုံး တွေကတော့ သူ့ရင်ဘက်ကို လာရိုက်နေတဲ့ စာအုပ်အနီလေးတွေ ဆီပဲ ရောက်နေ ပြီးမှ တံတွေး မြိုချပြီး ပြန်ဖြေလိုက်တယ်။

" ဟုတ်တာပေါ့''

" ဒါဆိုရင် ခများသာ ဘားတွေ မှာ တစ်ယောက် ထဲ အရက်သွား သောက်ရင်ပဲ ဖြစ်ဖြစ်  ဒါမှ မဟုတ် တစ်ခြား တစ်ယောက် နဲ့ ပလူးနေတာပဲ ဖြစ်ဖြစ် တစ်စုံတစ်ခု လုပ်ခဲ့ရင်တော့ ကျွန်တော်က ခများကို သေချာပေါက် လိုက်ဖမ်းမှာဗျ။ ဟွန့် ခများရဲ့ ပွေရှုပ်ချင်တဲ့ ခွေးခြေထောက်ကို သေချာ ဂရုစိုက် စမ်းပါ။ မိလို့ကတော့ ရိုက်ချိုးပစ်မှာဗျ! "

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now