Chapter - 7 (Part 1)

874 166 0
                                    

Unicode

မှောင်မဲတဲ့ အတိတ် (1) ~

ဒီနေ့တော့ ငါ ကျောင်းကုန်းဇီထက် ပိုပြီးဖြေရှင်းရခက်တဲ့ပြဿနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။

ငါး​ယောက်​မြောက်အစ်ကို ပြန်ရောက်လာခဲ့ပြီ။

အစ်ကို(၅)က ဂရုစိုက်ခြင်းမရှိဘဲ အထိန်းအကွပ်မဲ့စွာ လျှောက်သွားတတ်တဲ့လူတစ်​ယောက်ပဲ။ သူ နောက်ဆုံးပေါ်လာတာက​တော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆောင်းဦးပေါက်ပွဲတော်မှာ။ အဲ့အချိန်တုန်းက မိသားစုရှိတဲ့အိမ်ကို ပြန်ပြီး မိသားစုဝင်​တွေစုဝေးပွဲကို မတက်​ရောက်ချင်တဲ့ အကြောင်းပြချက်နဲ့ ​ကျောင်းကုန်းဇီက သူကိုယ်တိုင် သူ့​ခြေ​ထောက်ကို ရည်ရွယ်ချက်ရှိရှိ သေနတ်နဲ့ ပစ်လုနီးပါး ဖြစ်ခဲ့တယ်။

အမှန်တော့ ​ကျောင်းကုန်းဇီနှင့် အစ်ကို(၅)တို့မှာ လေးလေးနက်နက် ရန်ငြိုးဖွဲ့ထားခြင်းမရှိဘဲ ပြဿနာရဲ့ အဓိကအချက်က ငါနဲ့ သက်ဆိုင်​နေတယ်။

တစ်ချိန်တုန်းက အစ်ကို(၅)နဲ့ ငါ့ကြားမှာ မအောင်မြင်သွားတဲ့ ခိုး​ပြေးဖို့ကြိုးစားမှုမျိုး ရှိခဲ့ဖူးတယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ ​ကျောင်းကုန်းဇီရဲ့ မျက်လုံးတွေထဲမှာ အဲ့ဒါက ဖြစ်ပျက်ခဲ့တယ်ပေါ့။

အဲ့ဒီအချိန်တုန်းက ငါဟာ အစ်ကို(၅) ငါ့အတွက် ထားပေးခဲ့တဲ့ စာရွက်အပိုင်းအစကို တွေ့ပြီး ကတိပေးထားတဲ့အတိုင်း ရထားဘူတာကို ရောက်သွားခဲ့တယ်။ ဒါပေမယ့် အစ်ကို(၅)က ငါ့ကို ဒီလိုမေးတယ်, "ငါ ဒီမှာရှိနေတာ မင်း ဘယ်လိုသိလဲ? ဖေဖေရော သိလား?"

ငါ : "?"

"အစ်ကိုက ကျွန်​တော့်ကို လာခိုင်းတာ​လေ"

အစ်ကို(၅)က ​ပြန်​ဖြေတယ်, "ဟမ်? မဟုတ်ဘူး​​, ငါ လာခိုင်းတာက … ဘာပဲဖြစ်ဖြစ် ငါ မင်းကို လာခိုင်းတာမဟုတ်ဘူး ”

ပြီးတော့ ဒါက အဆင်မပြေ​တော့ဘူး။ ငါ အသက်ရှုနည်းကို​တောင် မသိ​တော့ဘူး။

အစ်ကို(၅)ကလည်း အသက်ရှုနည်းကို မသိပုံရပြီး အမှန်တကယ်ကို အသက်ရှုကျပ်​နေသလို ဖြစ်နေခဲ့တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now