ငါ ဟာ သေနတ်တစ်လက်ကို ပိုက်လို့ မိန်းမတစ်ယောက်ကို သတ်ဖို့ ရဲဆေးတင်ခဲ့ဖူးတယ်ဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ။
ဒါပေမဲ့လေ... ငါ သတ်မဲ့ မိန်းမကို ကလေးလေးတစ်ယောက်က မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်နေခဲ့တာတဲ့... ။
" ကိုကို! ... အီး... ဟီး... "
" ကိုကို့ဝက်ပေါက်လေးက ဘာလို့ ငိုနေရတာလဲ ?"
ဒူးလေးကို ထောက်လို့ ပါးဖောင်းဖောင်းလေးကို ဖွဖွလေး ညှစ်တော့ ကလေးလေးဟာ ရင်ခွင်ထဲ တိုးဝင်လာခဲ့တယ် ။ ကလေး မသိအောင် ဖွက်ထားခဲ့တဲ့ ခါးကြားထဲက သေနတ်လေးကတော့ လူသတ်သမားပေါက်စလေး ငါ့ကို လှောင်နေတော့မှာပေါ့.... ။
" ကိုကိုက ထန်ထန့်ကို ထားခဲ့ရယ်... ခု ထန်ထန့်ဆီ ပြန်လာတာလား ၊ ဒါဆို ဘယ်မှ သွားရတော့ပူးနော်..... ထန်ထန့် နားမှာပဲ နေ "
စကားပြောတတ်စကတည်းက တခြားသူကို ပြောတဲ့အခါ သူ့ကိုယ်သူ သုံးတဲ့ နာမ်စားလေးက 'သားသား ' ဆိုရင်... ထည်ဝါလင်းရှိန်ဆိုတဲ့ ကောင်လေးရှေ့ ရောက်တိုင်း ထိုကလေးပေါက်ဟာ သူ့ကိုယ်သူ 'ထန်ထန်' ဆိုပြီး ပြောတတ်ပါသတဲ့... ။
သူ ကြည့်နေကျ တရုတ်သိုင်းကားထဲက မင်းသားနာမည်မှာ သူ့နာမည်ပါနေသည်ကို သဘောတကျနဲ့ အဲ့အချိန်ကတည်းက တစ်ချိန်လုံး ' ' ' ထန် ' ချင်နေပါသော ခက်ထန်ပေါက်ရယ်ပါ ။
"ဟုတ်ပါပြီ ။ ကိုကို့ ၀က်ပေါက်က ဘာလို့် ငိုနေတာလဲ ပြောပါဦးလား "
" ဟင့်... မေမေ့ကို မတွေ့ရို့... ထန်ထန် က ငိုနေတာ... "
ဆိုးရွားလွန်းလိုက်တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ဖို့ကြုံလာရတဲ့အခါ ငါဟာ ရဲရင့်စွာ ရင်ဆိုင်ရဲပါရဲ့... ။ ဒါပေမဲ့လည်း ငါ့ ရှေ့ဆက်မှုက မင်းသာ နာကျင်ရမယ်ဆို ငါဟာ နောက်ပြန်လှည့်မိမှာပါပဲ ။
ဘယ်လောက်ပဲ နာကျင်ရပါစေ ၊ လက်တုံ့ပြန်မှ နာကျင်မှုတွေ သက်သာနိုင်ပါစေဦး... မင်း နာကျင်မှုနဲ့တော့ မလဲလှယ်နိုင်ခဲ့ရုံလေးတင်ပါ ။
တခဏလေး ပျောက်ကွယ်သွားတာတောင် ငိုနေရှာတဲ့.... ကလေးငယ် ဟာ သူ့အမေ သူ့အနားက ထာဝရ ထွက်သွားခဲ့ရင် ဘယ်လောက်တောင် နာကျင်နေလိမ့်ရှာမလဲ ။ အရွယ်နဲ့မလိုက်တဲ့ နာကျင်မှုမျိုးစုံကို ကိုယ်တိုင်ခံစားဖူးသူမို့ ဒီကလေးလေးကိုတော့ မနာကျင်စေချင်ဘူး ။
YOU ARE READING
You are my husband (Season 1)Completed
Actionသူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပစ်ချင်နေပါသော ကျွန်တော်ချစ်ရပါသော ခက်ထန်... ။