အပိုင်း ၁၂၃ ( အလုပ်များသော)

3.2K 427 0
                                    

[Zawgyi]

တရားစီရင်ရုံးက ပြန်လာပြီးနောက် ယွီမိသားစုသာ ကပ်သီးလေးလွတ်မလာခဲ့ရင် -- ယွီဟန်သာ ဒီထပ် ကံဆိုးခဲ့မယ်ဆိုရင် လက်သမားဆိုင် ခြံနောက်မှာ မြှုပ်ထားတဲ့ အရိုးတွေထဲက တစ်ခုက ယွီဟန်ရဲ့ ရုပ်ကလပ်ဖြစ်နေလိမ့်မည်ဟု ခံစားလိုက်မိကြသည်။

နောက်ဆုံးမှာတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆိုင်ရှင်ကျန်းက နွေအကုန်မှာ ခေါင်းဖြတ် ကွပ်မျက်ခံရပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုပါ သိမ်းဖို့ တရားရုံးက စီရင်ချက်ချမှတ်ခဲ့သည်။ ဆိုင်က လက်သမားတွေနဲ့ အလုပ်သင်တွေကတော့ မေးမြန်းမှုမှာ အပြစ်ကင်းကြောင်း တွေ့ရတာမို့ လွတ်ကင်းခွင့်ရသည်။

မြို့ကနေ သူတို့ အိမ်ကို ပြန်တာ နှစ်နာရီလောက်ပင် ကြာသည်။ အိမ်တော်ထိန်းယောင်က စိတ်မရှည်ဖြစ်နေပေမယ့် ဘယ်တတ်နိုင်မှာလဲ။ ကံကောင်းစွာနှင့် ယွီမိသားစုရဲ့ သာမန်လို့ပဲထင်ရတဲ့ မြည်းလှည်းရဲ့ အရှိန်က ယောင်မိသားစုရဲ့မြင်းလှည်းထက် မနိမ့်ပေ။

သို့သော် လှည်းထဲမှာ စကောထဲ ဇီးဖြူသီးလှိမ့်နေသလို အနေအထားကြောင့် ယွီရှောင်ချောင်းရဲ့ ဖြူဖျော့နေတဲ့မျက်နာနဲ့ အန်လုဆဲဆဲအခြေအနေကို မြင်တော့ အိမ်တော်ထိန်းယောင်က လှည်းကို ဖြည်းဖြည်းမောင်းလို့ရမလားချည်းပဲ ခဏခဏ မေးနေတော့သည်။

" မလိုပါဘူး!"

ရှောင်ချောင်းက သူမနဲ့ အမြဲမကွာဆောင်နေကျ ရေဘူးအိတ်ကိုယူကာ အံ့ဖွယ်ကျောက်တုံးရေ တစ်ငုံလောက် ပါးစပ်နှင့်အပြည့်သောက်လိုက်သည်။ သောက်လိုက်တာနဲ့ ချက်ချင်းပဲ သူ့ အစာအိမ်ထဲက ငြိမ်ကျသွားတော့သည်။ ပြီးနောက် သူက ညင်သာစွာနဲ့ ဆက်ပြောလိုက်တယ်။

" ကျွန်မတို့ ကျိန်ရှုံစားသောက်ဆိုင်မှာသာ ကြာမနေခဲ့ရင် အခုချိန် အိမ်ကိုတောင် ရောက်နေလောက်ပြီ... တကယ်ဆို ကျွန်မတို့ ကုန်တစ်ဝက်လောက်တောင် တင်ပြီးလောက်ရောပေါ့! ဒါကြောင့် ကျွန်မတို့ မြန်မြန်မသွားရင် ရှင် ညမိုးချုပ်မှ အိမ်ပြန်ရနေလိမ့်မယ်"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now