part 23

52.5K 4.9K 603
                                    

"အင်း..."

"ဘာကို အင်းတာလဲ..."

"ဟင်...."

ရီဝေစင်းကျနေသော မျက်ဝန်းများဖြင့် အင်းလို့ မပီမသ ဖြေလိုက် ဟင်လို့ ဗလုံးဗထွေး ပြောနေလိုက်ဖြင့် ကိုယ်တိုင်တောင် ဘာပြောနေမှန်း သိပုံမရကာ စစ်နိုင်းအား ခပ်စင်းစင်း ကြည့်နေရင်းနဲ့မှ ဒေါန၏ မျက်နှာက ပခုံးပေါ်သို့ ငိုက်ကနဲ စိုက်ကျလာလေတော့သည်။

"ဟာ ဟေ့..."

ပခုံးနှစ်ဖက်ကို ပြန်ထိန်းရင်းဖြင့် မျက်နှာလေးအား ပင့်မော့ယူကြည့် မိတော့ မူးမူးဖြင့် အိပ်ပျော်သွားပြီဖြစ်သော ဒေါနကိုသာ တွေ့လိုက်ရလေတော့သည်။စစ်နိုင်း ရီရမလို ငိုရမလို ဖြစ်သွားရပြီးမှ ဟားကနဲ အသံထွက်ရယ်မိပြီး ခေါင်းကိုခါယမ်းကာဖြင့် ပခုံးနှစ်ဖက်အား အသာအယာ ထိန်းကိုင်ကာ ခုံ၌သေချာ နေရာကျအောင် မှီတွယ်စေလိုက်ပြီးမှ ကားကိုမောင်းထွက်ခဲ့ရခြင်းသ်ို့ ရောက်လေတော့သည်။

!တကယ့် ချီးထုပ်ကောင်!

***

"အဲ့ဒါလေးက coupleလေးပါရှင့်..."

"တစ်ခုထဲ ခွဲမရောင်းဘူးလား..."

"ဟုတ်ကဲ့ တစ်ခုချင်းတော့ ခွဲမရောင်းပါဘူးရှင့် singleတွေ အတွက်ဆို ဟိုဖက်မှာ ရှိပါတယ်ရှင့်.."

အရောင်းစာရေးမလေး ညွှန်ပြရာသို့ စစ်နိုင်း လည်ပင်းရှည်ကြည့်မိတော့ အရောင်အသွေးစုံနေသော braceletမျိုးစုံကို တွေ့လိုက်ရတော့သည်။တကယ်တော့ ဒီလိုမျိုး bracelet ဘာညာက သူတစ်ခါမှလည်း ဝတ်လေ့မရှိသလို ဝါသနာလည်းမပါ။
သို့ပေမဲ့ ဒေါန၏ လက်ထဲမှာတော့ ဒီလိုမျိုးလေးတွေ ဝတ်လေ့ရှိတက်တာကို သတိထားမိတာမလို့ လမ်းကြုံတွေ့လိုက်ရတော့ သတိတရ ဝယ်ပေးဖို့ ဖြစ်သွားခဲ့တာ ဖြစ်လေသည်။

တွေးနေရင်းဖြင့် ဘက်ထဲမှ ကိုင်ထားမိသော အညိုရင့်ရောင် ရိုးရိုးရှင်းရှင်း လက်ပတ်ကြိုးလေးအား စစ်နိုင်း တချက်ပြန်ကြည့်မိသည်။
ဒေါနရဲ့ ပန်းသွေးပြေးနေတဲ့ လက်ကလေးပေါ်မှာ ဒီအညိုရင့်ရောင် ကြိုးလေးနဲ့သာဆို အတော်လေးကို ပလဲနံပသင့်မှာဟု တွေးလိုက်မိသေးသည်။သာရေးကြိုးလား ဘာလားတော့မသေချာပါ။စတီးချောင်းလေးနှစ်ခုဖြင့် ကြိုးကို တစ်ဝက်တစ်ပျက် အလှဆင်ထားလေးသည်။သဘောကျရဆုံးကတော့ ကြိုးမှာ ချိတ်ထားတဲ့ အသဲတခြမ်းပုံစံ သံလိုက်လေးပဲ ဖြစ်သည်။

Green Eye(complete)Where stories live. Discover now