|108|

1.7K 268 5
                                    

[Unicode]

လေဆိပ်မှာရှိနေတဲ့ လူအုပ်တိုင်းဟာ၊ တက္ကသိုလ်တက်ဖို့အဝေးထွက်ခွါရမဲ့ ကျောင်းသားတွေချည်းပဲ။
မိဘတစ်ချို့ကတော့ ငိုချင်စိတ်ကိုထိန်းချုပ်ထားရပုံပင်။

ယန်ထန်က နှစ်ယောက်ရဲ့အဝတ်အစားအိတ်တွေကို သေချာစစ်ဆေးပေးနေတယ်။
ဟယ်ရှင်းချွမ်ကတော့ သူ့ညီလေးနဲ့စကားဆိုနေတုန်း။

"ဟိုရောက်ရင် ကိုကို့ဆီဖုန်းဆက်လိုက်၊ စီနီယာလီချင်းကိုလည်း မမေ့နဲ့ဦးနော်! သူက မင်းတို့ကိုအိမ်ကူရှာပေးလိမ့်မယ်။ နေရာပြောင်းတော့မယ်ဆိုရင်လည်း၊ ကိုကို့ကိုအကြောင်းကြားဦး။ မပြောမဆိုနဲ့ နေရာပြောင်းမသွားနဲ့!"
ဒီစကားတွေကို အိမ်မှာကတည်းကပြောလာခဲ့တာ။
အခုထိလည်း၊ ပြောနေတုန်းပါပဲ။

ဟန်ချုံးမိဘတွေက သိပ်ပြီးစည်းကမ်းမတင်းကြပ်ဘူး၊ သူတို့သားကို စိတ်ချလက်ချလွှတ်ပေးထားတယ်လေ။

ဟယ်ရှင်းလျန်က သူ့အစ်ကိုစကားအပေါ် ဘယ်လိုမှမတုံ့ပြန်ဘူး၊ အေးအေးလူလူဖြင့်သာ။
ဟန်ချုံးကတော့ မျက်ရည်ကျနေပါပြီ
"စိတ်မပူပါနဲ့! အစ်ကိုရှင်းချွမ်! ရှင်းလျန်ကို ကျွန်တော်သေချာစောင့်ရှောက်ပါ့မယ်!"

"ဘာကို ကျွန်တော်စောင့်ရှောက်မှာလဲ!? မင်းကမှ တကယ့်ကလေးဟာ၊ သူက မင်းကိုပြန်စောင့်ရှောက်သင့်တာပေါ့!"
စကားအဆုံးမှာတော့၊ သူ့ညီခါးကို ခပ်ဖွဖွလိမ်ဆွဲလေရဲ့။
"ကိုယ့်ရဲ့ကောင်လေးကို သေချာဂရုစိုက်ပေးရမယ်နော်! ကြားလား ကောင်စုတ်လေး!"

"ကျွန်တော် သိပါတယ်။ ကိုကို...ကျွန်တော်နဲ့ဟန်ချုံးသွားပြီနော် ဒါဆို..."
ဟယ်ရှင်းလျန်ဟာ ခွဲခွါခါနီးအချိန်လေးမှာပဲ၊ သူ့အစ်ကိုကိုပွေ့ဖက်လာပါတယ်။
"ထန်ကော ဖောက်ပြန်လို့ကတော့၊ ကျွန်တော့်ဆီသာပြေးလာခဲ့! သူ့ကို လိုက်ရိုက်ပေးမယ်!"

"ပါးစပ်ပိတ်ပြီး မြန်မြန်သွားစမ်းပါ!"

...

ယန်ထန့်ကုမ္ပဏီဂိမ်းရဲ့BETAတောင် Public BETAအဖြစ် စတင်ပွဲထုတ်လာခဲ့ပြီ။
တုံ့ပြန်မှုက အတော်လေးကောင်းမွန်တယ်၊ ဟယ်ရှင်းချွမ်ရဲ့ရှေ့နေ့ရုံးချုပ်မှာတောင် ဆော့နေကျတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now