Part 24

572 85 7
                                    

“ အရှင်ယွင်းရန်… နယ်မြေရိုင်းက မိစ္ဆာတစ်ချို့ ဆွေးနွေးဖို့ရောက်ရှိနေပါပြီ။”

ယွင်းရန်သည်နောက်မှ စကားသံကိုမကြားမိသည့်အချိန်အထိ သူအတတ်နိုင်ဆုံး နျူး၏ဆံနွယ်များကို ထိတွေ့နိုင်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ ထို့နောက် နောက်ဘက်မှအသံကြောင့်ပင် သူ၏အသိစိတ်များက သူနှင့်အတူ ပြန်လည်ကပ်တွယ်သွားရလေသည်။ ယွင်းရန်က ချောင်းတချက်ဟန့်လိုက်ရင်း တိဟွကိုလှည့်ကြည့်ကာ သတင်းစကားပါးသူကိုပါ ကြည့်လိုက်သည်။

“ တိဟွ….တွေ့ဆုံပွဲအတွက် ပြင်ဆင်လိုက်…”

“ အမိန့်အတိုင်းပါ “

တိဟွနှင့်အတူ ထိုသတင်းလာပေးသောသူ ထွက်ခွာသွားသည်နှင့် ယွင်းရန်တဖက်သို့လှည့်လိုက်သည်။ နျူးကသူ့ကို ကြည့်နေပြီးနောက် ပြုံးလျက်ပင်

“ မိစ္ဆာဘုရင်ကြီး။ ဒီနေရာမှာလေ ဆော့လို့ကောင်းမဲ့ စိတ်ဝင်စားစရာနေရာလေးဘာလေးမရှိဘူးလား။"

"........."

ယွင်းရန်ကအနည်းငယ် တွေးတောနေပုံရသည်။ ထို့နောက် သူလည်းနျူးကိုကြည့်ကာ ပြုံးလိုက်ပြီး

“ မင်းအရမ်းကို သဘောကျမဲ့စိတ်ဝင်စားစရာနေရာတစ်ခုရှိတယ်။ ဒါပေမဲ့ အဲ့နေရာက ဆော့လို့တော့ရမှာမဟူတ်ဘူး။ ပြီးတော့ ကိုယ်လည်းမအားသေးတော့ မင်းကိုလိုက်မပို့နိူင်သေးတော့…..ဒီလိုလုပ်…နျူးဆော့ချင်တယ်ဆိုရင် အောက်ဘက်မှာမိစ္ဆာ ပေါက်စလေးတွေရှိမယ်ထင်တယ် သူတို့နဲ့ဆို မင်းတခဏလောက်တော့ ပျင်းလိမ့်မယ်မထင်ဘူး”

နျူးက ယွင်းရန်ကိုခေါင်းလေးစောင်းကာ ကြည့်နေသည်။ ပြီးမှ သူနန်းတော်ကြီး၏ အောက်ဘက်ကိုတချက်ကြည့်လိုက်ရင်း

“ ဒါဆိုလည်း ဒီလိုပဲအရင်လူပ်ကြတာပေါ့။ စိတ်ဝင်စားစရာကိုလည်း မျှော်နေပါမယ်”

“ ကောင်းပါပြီ။ ဒါဆို ကိုယ်သွားလိုက်အုန်းမယ်”

ယွင်းရန်က နျူးကိုတချက်ကြည့်ကာပြုံးလိုက်ပြီးတဲ့နောက်မှာ သူလည်းထိုနေရာမှထွက်ခွာသွားလေတော့သည်။ နျူးကတော့ ထိုနေရာတွင်တခဏလောက် ရပ်တန့်ကာ အောက်ဘက်ရှိ အရာရာကိုသာအရင်ဆုံး စူးစမ်းနေပြီး သူ ဘယ်ဘက်ကိုအရင်သွားလျှင်ကောင်းမလဲကိုသာ ဆုံးဖြတ်နေပါတော့သည်။

The Deal With A Demon King Where stories live. Discover now