part 24

49.9K 5.5K 1.3K
                                    

ဒေါနကို ပြန်ပို့ပြီး အိမ်ပြန်ရောက်လာသည့်အထိ ဘယ်စကားကများ ဒေါနကို အထိမခံ ဖြစ်သွားစေတာလဲလို့ စစ်နိုင်း အသဲအသန် စဉ်းစားနေမိသည်။ပြောခဲ့သမျှ ပြန်တွေးကြည့်တော့လည်း လက်ပတ်ကိစ္စအထိ အခြေအနေက သာယာစိုပြေနေတာပဲ ဖြစ်သည်။ဒါဆို ဘယ်စကားကများ စိတ်တိုစေခဲ့တာလည်း။သူ့မွေးနေ့ကို ဖိတ်မိတာက ဘာများမှားသွားလို့လဲ....

!မွေးနေ့.....ရှင်းခန့်ကို လှေကားပေါ်ကနေ ဒေါန တွန်းချခဲ့တဲ့ သူမွေးနေ့..!

စစ်နိုင်း memoryတွေကို အသဲအသန် ပြန်ခေါ်နေရင်းဖြင့် အတိတ်ရဲ့အရိပ်တွေဟာ ဦးနှောက်ထဲမှာ ဝေဝေဝါးဝါး ပြန်ပေါ်လာရတော့သည်။ငယ်စဉ်ကတဲက ပြဿနာတက်ကြတိုင်း သူဟာ ရှင်းခန့်ရဲ့ တဖက်ထဲကိုသာ ကြည့်တက်ခဲ့ပြီး အတိအကျ မမှတ်မိတော့ပေမဲ့လို့ ဒေါနအပေါ်မှာ လွန်းကျူးမိခဲ့တဲ့ စကားတွေ ရှိကောင်းရှိနေပါလိမ့်မည်။မွေးနေ့မှာ ပြဿနာ တက်ကြတော့လည်း သူဆူပူမိခဲ့ပါလိမ့်မည်။ဒါကို အတေးအမှတ်ထားပြီး ဒီကောင်လေးက သူ့ရဲ့မွေးနေ့ရက်မြတ်တိုင်းကို ရှောင်ရှားခဲ့တာမျိုးလား။ပြီးတော့ ဒီကိစ္စတွေဟာ ဒေါနရဲ့ရင်ထဲမှာ အခုအချိန်ထိ စိုင်ခဲအုံဖွဲ့နေခဲ့တာလား။

                ***

"Morning အစောကြီး နိုးနေတာလား.."

ထမင်းစားခန်းထဲ လျှောက်ဝင်လာရင်းဖြင့် စောစောစီးစီး မနက်စာကို တို့တို့တိတိ စားသောက်နေသော ဒေါနအား တွေ့လိုက်ရသောကြောင့် ရှင်းခန့်က မေးလိုက်ခြင်း ဖြစ်လေတော့သည်။ဒေါနက မျက်လွှာတချက်သာ ပင့်ကြည့်၍ ဘာမှပြန်မပြောပဲ မနက်စာကိုသာ တို့တို့တိတိ စားသောက်နေတော့ ရှင်းခန့် ပြုံးစစဖြင့် မျက်ခုံးပင့်လိုက်ပြီးမှ ခုံဆွဲ၍ ဝင်ထိုင်လေသည်။အထွေးလာချပေးသော မနက်စာကို မွှေနှောက်စားသောက် နေရင်းနဲ့မှ...

"စောစောစီးစီး ဒီနေ့ ဘာရှိလို့ အစောကြီးနိုးနေရတာလဲ..."

"အဲ့ဒါလည်း မင်းအလုပ်လား..."

ဒေါနက ဘုကန့်လန့် ပြန်ပြောတာကို ရှင်းခန့်က ပန်းနှင့်ပေါက်သည့်အလား ပြုံးစစဖြင့်...

"တစ်ခါမှ ဒီအချိန်မထတော့ ထူးဆန်းနေလို့ ဘာကိစ္စများ...အော် သိပြီ ကိုကို့မွေးနေ့ အလှုသွားမလို့လား.."

Green Eye(complete)Where stories live. Discover now