Chapter - 7 (Part 2)

821 149 3
                                    

Unicode

ဒီဟာက ဗီရိုထဲမှာ ရှာတွေ့နိုင်တဲ့ အဆိုးရွားဆုံးအဝတ်အစားဖြစ်ပြီး သူ့(​ကျောင်းကုန်းဇီ)ကို ဘာအရှုပ်​အ​ထွေးမှ မလုပ်နိူင်​အောင် ဟန့်တားဖို့အတွက် အထူးရွေးချယ်ထားတာဖြစ်တယ်။ ဒါ​ပေမယ့်လည်း အဆုံးမှာတော့ သူက ရှုပ်ယှက်ခတ်​အောင် လုပ်​နေတုန်းပါပဲ။ ဒါက ငါနဲ့ သက်ဆိုင်တယ်။ ငါ အရမ်း​ပေါ့​လျော့သွားခဲ့တယ်။ ဘာအရှုပ်အ​ထွေးမှမလုပ်ခြင်းရဲ့ အဓိကအချက်က ကျိုး​ကြောင်းဆီလျော်မှုမရှိ​နေတဲ့အတွက်​ကြောင့် ငါ မိုးကာဖျင်ကြမ်းအိတ် ဒါမှမဟုတ် အမှိုက်အိတ်ကို ၀တ်ထားရင်တောင်မှ သူက ရှုပ်​ထွေး​အောင်လို့ လုပ်နေဦးမှာပဲ။

သူက အေးစက်စွာ​ပြောတယ်, "ညဝတ်အင်္ကျီ သွားလဲ"

ငါ သူ့ကို ​မေးလိုက်တယ်, "ငါ ဘာမှမဝတ်ထားရင်​ မင်း ပိုပြီးအဆင်​ပြေသွားမှာလား?"

သူက ငါ့ကို ​အေးစက်စွာ​မေးတယ်, "မင်းက ဘယ်သူ့အတွက် ဘာမှမဝတ်ချင်တာလဲ?"

ငါ့လိုမျိုး စိတ်ထားကောင်းတဲ့လူ​တောင်မှ သူ့ကို ထပ်ပြီး သည်းမခံနိုင်​တော့ဘူး! ငါ့လိုမျိုး သ​ဘောကောင်းတဲ့လူ​တောင်မှ ​ဒေါသထွက်လာပြီ!

ငါ သူ့ကို ဆက်ပြီးအာရုံမစိုက်ချင်​တော့ဘဲ ငါတို့အခန်းထဲကို စာအုပ်ဖတ်ဖို့ ပြန်သွားလိုက်တယ်။

ခဏ​လောက် စာဖတ်ပြီးတဲ့​နောက် ​ကျောင်းကုန်းဇီက တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့တယ်။ သူက ​အေးစက်စက်ပုံစံနဲ့ ​မေးတယ်, "မင်း ဘာဖတ်​နေတာလဲ?"

ငါ သူ့ကို စာအုပ်အဖုံးပြလိုက်တယ်။ ပြီး​တော့ သူက ​အေးစက်စွာ​ပြောတယ်, "ရိုမီယိုနဲ့ ဂျူးလိယက်, အရမ်း​ကောင်းတယ်, ဘယ်သူက ဂျူးလိယက်လဲ?"

မင်းအ​မေ! မင်းအ​မေက ဂျူးလိယက်​လေ!

ငါကလည်း သူ့လိုမျိုး ​အေးစက်စက် ပြန်​ပြောလိုက်တယ်, "မင်း ငါ့ကို အခုမပြုံးပြဘူးဆိုရင် ငါ့အ၀တ်အစားတွေကိုပဲ ပြန်လဲပြီး​တော့ အပြင်သွားတော့မယ်"

​ကျောင်းကုန်းဇီရဲ့မျက်နှာက တုန်လှုပ်သွားပြီး သူ ငါ့ကို အကြာကြီး စိုက်ကြည့်နေခဲ့တယ်။ အဲ့နောက် သူက လှည့်ပြီး​တော့ တံခါးကို သော့ခတ်လိုက်ပြီး ပြတင်းပေါက်က​နေ သော့ကို ပစ်ချလိုက်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now