အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)

4.6K 780 32
                                    

ကျန်တဲ့အကြွေးတွေကို တစ်ပတ်တစ်ခါခွဲဆပ်ဖို့ စွန်းဇီယန်နဲ့ညှိနှိုင်းမှုအောင်မြင်ပြီးသွားတာနဲ့ အယ်လန်က လူကြီးလူကောင်းတစ်ယောင်သဖွယ် ရှဲ့ဟယ်ကို စောင့်ရှောက်ပေးပြီးအဆောင်ကိုပြန်လိုက်ပို့ပေးခဲ့တယ်။

တကယ်တော့ စုယန်မှာ ငွေများများစားစယးမရှိပေ...ခြိုးခြံချွေတာပြီးသုံးစွဲနေရတဲ့အပြင် မိသားစုကိုလဲ ထောက်ပံ့ပေးနေရသေးတယ်။ကံကောင်းတာက တက္ကသိုလ်ကျောင်းဆရာပေါက်စဖြစ်တဲ့အတွက်အားလပ်ချိန်တွေပိုလျှံနေတယ်။ဒါ့ကြောင့်လဲ ကျန်တဲ့အကြွေးတွေကိုဆပ်ပေးဖို့ခေါင်းခံခဲ့တာပေါ့....လက်တွေ့ကျကျငွေရှာဖို့အတွက် အချိန်ပိုင်းကျူရှင်ဆရာအလုပ်ကနေ နောက်ဆုံး ပန်းကန်ဆေးတဲ့အလုပ်ထိရသမျှအလုပ်တွေကိုသိမ်းကြုံလုပ်ခဲ့တာကြောင့်
တစ်နေ့မှာလေးနာရီလောက်ပဲအိပ်ချိန်ရခဲ့တယ်။

[444:.....]

[သက်ပြင်းချနေတဲ့ရှဲ့ဟယ်: စနေနေ့ရောက်ဖို့နှစ်ရက်ပဲလိုတော့တယ်]

[444: Hostတာ့တာ့ တကယ်ပဲအကြွေးတွေဆပ်ချင်နေတာလား??]

[ရှဲ့ဟယ်: ဆပ်စရာလား??]

[444:.....]

[ရှဲ့ဟယ်: အကြွေးတွေသာတကယ်ဆပ်ချင်ရင် ဒီလိုအပင်ပန်းခံပြီးအချိန်ပိုင်းအလုပ်တွေလုပ်နေပါ့မလား??ငွေသားနဲ့လဲဖို့ ငါ့မှာ pointလေး 5pointလောက်တောင်မရှိတော့ဘူးလို့ထင်နေတာလား??]

[444:.....]

ကျန်ရှိနေသေးတဲ့နှစ်ရက်လုံးလုံး အချိန်အပိုင်းအလုပ်တွေလုပ်ခဲ့ရတဲ့အတွက် ရှဲ့စယ်သေတော့မတတ်ပင်ပန်းနေပြီ....သောကြာနေ့ညမှာ မောမောပမ်းပမ်းနဲ့အိပ်စက်အနားယူလိုက်တယ်။နောက်တစ်နေ့နေထွက်ချိန်မှာ 444 ရဲ့အသံကြောင့် အိပ်ရာကနေလန့်နိုးခဲ့ရတယ်။

[444: La La La....ကျွန်တော်က Hostတာ့တာ့ရဲ့ဖိုးဉာဏ်ကောင်း အကူလက်ထောက်လေးပါခင်ဗျ.....Hostတာ့တာ့ အိပ်ရာထတော့...ဒီနေ့စနေနေ့ဗျ....]

[ရှဲ့ဟယ်:.......]

[444: Hostတာ့တာ့မေ့နေမှာစိုးလို့ စေတနာနဲ့လာနှိုးပေးတာပါ...]ချီးကျူးခံချင်တဲ့အတွက် အမြှီးကို အဆက်အပြတ်လှုပ်ခါနေတယ်။

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now