Chapter....51

10.2K 638 62
                                    

အဝတ်အစားလဲခန်းထဲဝင်ကာ အကျီလဲနေ
တဲ့ခတ်ကို စောင့်ရင်း ကုတင်ဘေးနားကဗီရို
အံဆွဲထဲက အသက်နဲ့သူကစားကွင်းသို့သွား
ရင်း နောက်ဆုံးအမှတ်တရဓာတ်ပုံလေးကို
ကြည့်ကာ တွေဝေစွာငေးမောနေလေသည်။

အသက်ကသူအနားပြန်ရောက်လာခဲ့ပေမဲ့
ဒီဓာတ်ပုံလေးထဲကအသက်ကတော့သိပ်ကို
ချစ်စရာကောင်းနေလေသည်။ ဒါပေမဲ့သူကို
ကြီးမားစွာ လှည့်စားခဲ့သည်မလား သူ့အချစ်
တွေကို လိမ်ညာဟန်ဆောင်ခဲ့တာတွေကိုပြန်
တွေးတိုင်း မုန်းမိသည့်စိတ်ကအကြိမ်ကြိမ်အ
ခါခါ။ ချစ်နေသေးပေမဲ့ မုန်းမိနေတာမျိုး
အနားသွားချင်ပေမဲ့ အဝေးမှာဘဲနေချင်မိသည်။ နှင်းဆီနီနီတွေက ဆူးတွေနဲ့ဆိုတာသူမေ့သွားတာပင်။ဆူးစူးသွားမှ နာမှန်းသိတဲ့ ပန်းကိုဘဲတပ်မက်
မိတဲ့ တုံးအတဲ့လိပ်ပြာတကောင်အလား။

"အကျီကသိပ်တော့မတော်ဘူး ဒါပေမဲ့ဒီအကျီ
ဘဲဝတ်လိုက်ပါမယ် ခင်ဗျားမှာကျန်တာတွေ
က ကျွန်တော်နဲ့မှမတော်ဘဲ"

အဝတ်လဲခန်းထဲကထွက်လာပြီး သူပုံစံသူပြန်
ကြည့်ကာ စကားဆိုနေသည်ခတ်။

"မဝတ်ချင်လည်းဖင်ပြောင်နေလေ ငါလိုတဲ့အ
ချိန်အဆင့်သင့်ဖြစ်တာပေါ့"

"ခင်ဗျားစကားကိုကောင်းကောင်းပြောလို့မရ
ဘူးလား စကားကိုချိုသာစွာပြောရင်လေယဥ်
ပျံတောင်အလကားစီးရတယ်ဆိုတာတောင်
ရှိတယ်"

"လေယဥ်အလကားစီးဖို့ မျက်နှာချိုသွေးနေရ
အောင် ငါငမွဲမဟုဘူး ငါ့မှာကိုယ်ပိုင်လေယဥ်
ရှိတယ် "

"ခင်ဗျားကပြောပြလို့တောင်မရဘူးဘဲ"

"မင်းကကောဘာလို့ ခင်ဗျားလို့ခေါ်နေလဲ"

ခတ်ပြန်ပြောမယ်အပြု အခန်းတံခါးခေါက်သံ
ကြောင့် ငြိမ်လိုက်လေသည်။ခမ်းကသူအား
ဘုကြည့်ကြည့်ပြီး။

"ဘယ်သူလဲ ဘာလို့ငါ့အခန်းတံခါးလာခေါက်
နေတာလဲ သေချင်နေပြီလား"

"သွန်းပါကိုကို ညနေစာစားလို့ရပြီဆိုတာလာ
ပြောတာပါ"

"အဲ့ဒါဆိုစောက်သံကဘာလို့မထွက်ဘဲတံခါး
ဘဲခေါက်နေတာလဲ သွားဆင်းလာခဲ့မယ်"

ကကြိုးရုပ်[ Complete ]Where stories live. Discover now