အပိုင်း (၈၁၇) - တိုက်ဆိုင်မှုလား ကံတရားလား

1.7K 243 3
                                    

Zawgyi


သူပြောလိုက်သည့်စကားကို သူမကြားသောအခါ အထင်လွဲနေပြီဟု ရှီမာယူယူ ခံစားရသည်။ သူမ ရှင်းပြလေသည် "တကယ်တော့ ကျွန်မက ဒီခန္ဓာကိုယ်ရဲ့ မူလဝိဥာဉ်မဟုတ်ဘူး"

"ကိုယ်သိတယ်"

"သိတယ်လား" ရှီမာယူယူသည် သံသယဖြင့်လှည့်ကာ "ဒါပေမဲ့ ရှင်ပြောတော့ ကျွန်မက..."

"ခန္ဓာကိုယ်နဲ့ ဝိဥာဉ်လုံးဝပေါင်းမသွားခင်ကို အချိန်တစ်ခုရှိတယ်၊ သဘာဝဥပဒေကြီးက ပြန် ဝင်စားဖို့အတွက် အချိန်တိုင်းမှာခွင့်ပြုပေးထား တယ်၊ အခုမှပဲ မင်းရဲ့ အခြေအနေက ပြီးပြည့်စုံသွားတာ" အဇူရာ ပြောလိုက် သည်။

"အခြေအနေပြည့်စုံသွားတယ်ဟုတ်လား" ရှီမာယူယူ အနည်းငယ်ရှုပ် ထွေးသွားသည် "ဒါဆိုရင် ကျွန်မကဒီခန္ဓာကိုယ်ကို မတော်တဆဝင်သွား တာမဟုတ်ပဲ ကံတရားကြောင့်လား"

"ဖြစ်လည်းဖြစ်နိုင်သလို မဖြစ်လည်းမဖြစ်နိုင်ဘူး" အဇူရာ ပြောလေ သည် "ကိုယ်ထင်တာတော့ အခုအဲဒါအရေးမကြီးဘူး အရေးကြီးတာက မင်းခန္ဓာကိုယ်ထဲက ကြာပန်းအနက်ပဲ... အဲကြာပန်းက မင်း ခန္ဓာကိုယ်နဲ့ ဝိဥာဉ်နဲ့က တစ်သားတည်းဖြစ်သွားတဲ့အတွက် ပေါ်လာတာဖြစ်နိုင်တယ်"

သူမ၏ ဝိဥာဉ်သည် ကြာပန်းနက်ဖြင့် နည်းပေါင်များစွာဖြင့် ဆက်နွယ် နေသည်။ သူမ၏ ထိုခန္ဓာကိုယ်သည် ကြာပန်းနက်သွေးသားစီးဆင်း နေ သည်။ ထိုနှစ်ခုပေါင်းစည်းမှပင် သူမ နောက်ကျောတွင် ကြာပန်းပုံပေါ် လာသည်။

သူမ၏ ငယ်ရွယ်သော တောက်ပမှုပေါ်လွင်နေသည်ကိုတားရန် အင်္ကျိထုတ်ကာ အလျင်အမြန် ဝတ်လိုက်သည်။

"ဒီပုံက ဘာအသုံးဝင်မှာလဲ"

အဇူရာ ခေါင်းရမ်းလိုက်သည် "ကိုယ်လည်းမသိဘူး၊ ကိုယ်သိတာ တစ်ခုက ဒီပုံက မင်းရဲ့ လက်ရှိအခြေအနေကို ဖိနှိပ်တဲ့နေရာမှာ အကျိုးရှိ လာမယ်၊ အသုံးဝင်တဲ့ပုံကတော့... ယူယူသိလောက် တယ်"

"သြော်"

"ဒီလောကအသေးက မင်းအပိုင်ပဲ ဘယ်လိုပေါင်းစပ် ထိန်းချုပ်ရ မလဲဆိုတာ မင်းသိလောက်ပြီလို့ ထင်တယ်" အဇူရာ မေးလိုက် သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now