Chapter 27

29.4K 3.7K 242
                                    

Unicode

လူရွေးပွဲ ဝင်ဖြေခြင်း
__________________________________

မနက်အစောကြီး ကွမ်မေရောက်လာကာ သူ့ကိုလူတွေ့စစ်ဆေးမည့်နေရာသို့ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် လာဖြေသူသုံးယောက်ရှိပြီး အားလုံးက ဒါရိုက်တာဝမ်နဲ့ ရင်းနှီးသည့်အသိများ၏ ထောက်ခံချက်ကြောင့်သာ ရောက်လာကြခြင်းဖြစ်သည်။ ယန်းချင်းချီက သုံးယောက်မှာ နံပါတ်သုံးဖြစ်သည်။ ဒါကအကောင်းကြီးတော့မဟုတ်ပါ။ သူ့ရှေ့နှစ်ယောက်က ကောင်းကောင်းသရုပ်ဆောင်ပြနိုင်ခဲ့ရင် သူက ကျိန်းသေပေါက် အပယ်ခံရပြီဖြစ်သည်။

ယန်းချင်းချီ သူနဲ့ပြိုင်ဆိုင်ရမည့် နံပါတ်စဥ်နှစ်က လူကို မော့ကြည့်လိုက်သည်။ မော့မကြည့်လိုက်တာမှကောင်းဦးမည်။ အခုတော့ တစ်ချက်လောက်ကြည့်မိရုံနဲ့တင်ကို ထိတ်လန့်သွားရသည်။_____ဘာလို့ ဝေ့လန်ကပါ ဒီရောက်နေရတာလဲ။

ကွမ်မေကလည်း သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်တော့ ဝေ့လန်ကိုတွေ့လိုက်ရသည်။

''ဘာလဲ နင်တို့နှစ်ယောက်က သိနေတာလား ''

ယန်းချင်းချီ ခဏလောက်တွေးလိုက်ကာ

''အင်း.... အဲ့လိုပြောလို့ရတယ်လို့ ထင်တာပဲ ''

''ထင်တာပဲ? ''

ယန်းချင်းချီ သူမကို ဘယ်လိုပြန်ဖြေရင်ကောင်းမလဲဟု တွေးနေစဥ်မှာပဲ ဝေ့လန်ကလည်း သူ့ဘက်လှည့်ကြည့်လာကာ သူ့ကိုမြင်သွားသည်။

''ယို့ မင်းလည်းလူရွေးပွဲကိုလာတယ်ပေါ့ ''

ဝေ့လန် သူ့ဆီကိုလျှောက်လာသည်။

ယန်းချင်းချီ အကူအညီမဲ့စွာ ပြန်ဖြေလိုက်သည်။

''ဆိုပါတော့ ''

''ကျန်းမော့ချန် မင်းကိုထောက်ခံပေးတာလား ''

''အမ်ဟမ် ''

''ဟေး '' ဝေ့လန် သူ့ပုခုံးကိုလှမ်းဖက်လိုက်ကာ အနားကိုကပ်ပြီး အသံတိုးလေးဖြင့်

''မင်း တကယ်ကြီး ကျန်းမော့ချန်နဲ့ လက်ထပ်ထားတာလား ''

ယန်းချင်းချီမှတ်မိသွားသည်။ ဝေ့လန်ကို သူအရင်က ယောကျ်ားတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်လို့သာပြောထားပြီး ဘယ်သူနဲ့လက်ထပ်ခဲ့တယ် လို့တော့ အသေးစိတ်မပြောပြဖူးပေ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now