part33/S-2 (unicode )

1.1K 23 2
                                    

33
love+love
Author blackclock

Chapter 21

       အိပ်ရာမှ နိုးထချိန် သူ့အနားရှိနေတာက
   အသွေး။

ဘယ်ကဘယ်လို အိပ်ခန်းဆီ ပြန်ရောက်
နေတယ် မသိ။ သား မုန်းသွေးအခန်းကနေ
ပြန်လာခဲ့တာကိုတောင် ဦးညှို့နက် မသိ။

" ဟဲလို "
"ဟင်"

ငေးကောင်းဆဲ ရင်ခွင်ထဲကနေ အိပ်မှုန်
စုန်မွှား မျက်နှာထားနဲ့ ပြောနေလေသူ။
အသွေး ။ အသွေးကော ဟုတ်ရဲ့လား မသိ။

ဦးညှို့နက် တွေးကောင်းဆဲ ကြောင်ရိုင်း
မလေးလို လူပေါ် ခွတက်လေသူ။

"ဟင် အသွေး"
"ဟင့်အင်း"

အပျိုစင်ရိုင်းလေးလို ရယ်ပြုံးကာ ဆံနွယ်လေးတွေ
လွင့်စင်ထွက်သွားအောင်အထိ ခါရမ်းနေလေသူ။

" ဦး သိပ်ဆိုးတယ်ကွာ သူများကို
ဘတ်ပြီး ထားခဲ့ရက်တယ်"
"ဟင်"

သိလိုက်ရလေပြီ။ ထင်ထားသလို
ဒီကမ္ဘာမှာ သူပျော်လို့ မဝခင်
မယ်တော်ချောလေးက ပေါက်ချလာ
လေပြီ။

"ချစ်တယ် ဦးရယ် သိပ်လွမ်းနေခဲ့ရတာ
ရှင်ဆိုတာ သူများကိုဆို သိမှ သိပါရော့လား"

ပြောပြောဆိုဆိုနဲ့ သူ့ရင်ဘတ်နှစ်ဖက်ကို
ရှိုက်နမ်းနေတဲ့ ကလေးမ။ သေချာလေ
ပြီ။ သူမဟာ အသွေး မဟုတ်။ ဝတ္တုကမ္ဘာ
မှ သူ ချစ်ခဲ့ရတဲ့ အသွေးမြတ်လျှံခြယ်၊
သွေး သာ ဖြစ်ပေလိမ့်မည်။

" ဘေဘီ မင်း ရောက်လာပြီပေါ့လေ"
"ဒါပေါ့ ဘာလဲ ဦးက ငြိုငြင်ချင်တာလား
ဟိုဟာမလေးနဲ့ ပျော်လို့မဝသေးတာလား"

"မဟုတ် မဟုတ်ပါဘူးကွ မင်းကလည်း"
"မသိပါဘူး အူး မွ ချစ်တယ်၊ ရှင့် နှလုံးသားကို
လည်း လွမ်းတယ် ရှင့်ရဲ့ အနမ်းတွေ နှုတ်ခမ်း
မွှေးကြမ်းကြမ်းတွေ အချစ်ကြမ်းခဲ့တာတွေကို
သိပ်လွမ်းတယ် အွန်း ဘာဖြစ်ဖြစ် အခုတော့
စာရေးဆရာက သွေးတို့ ကံကြမ္မာတွေကို
မချုပ်ကိုင်နိုင်တော့ဘူးဆိုတော့ ကြိုက်သလို
ဇယားရွေ့နိုင်ပြီပေါ့နော်"

" ဘေဘီ လွန်မယ်နော် "
"ဦး"
"ပြော"
"တစ်ပွဲတစ်လမ်း အချစ်ကဲကြမယ်လေ"
"ကလေး ရှိတယ် သွေးရယ် ဖြည်းဖြည်းပေါ့"

Love + Love [Normal Fiction]Where stories live. Discover now