အခန်း ၃၆[ဇာတ်သဘင်အဖွဲ့ ၁]

2.1K 514 23
                                    

Unicode

အန်ချင်းစီရင်စုနှင့် ဝေါ်လုံတိုင်းပြည်သည် မြစ်တစ်စင်းသာ ခြား၏။ နေသာကာမြူကင်းသော နေ့ရက်များတွင်ဆိုလျှင် ဝေါ်လုံမြစ်ကမ်းဆိပ်မှာ ရပ်နေသောသူအား မြစ်ကိုဖြတ်၍ လှမ်းမြင်ရသည်ဟု ဆိုကြသည်။ ရေစီးပုံမှန်ဖြစ်သောအခါများတွင် နာရီအနည်းငယ်လောက်နှင့် တစ်ဖက်ကမ်းကို လှေကူးနိုင်သည်။

သို့ပေမဲ့ နှင်းမုန်တိုင်းမှာ ဆိုးရွားလာသလို မြစ်ရေပြင်သည် တစ်မဟုတ်ချင်း ဆွတ်ဆွတ်ဖြူသွားပြီး အထီးကျန်ဆန်ဝမ်းနည်းဖွယ်ရာကောင်းသော ဤလူ့လောကကြီး၌ သူတို့လှေလေးတစ်စင်းသာ ကျန်ရစ်ခဲ့သည်လို့ ခံစားရစေသည်။ အရှေ့ကို သေချာမမြင်ရတာကြောင့် လှေအရှိန်ကလည်း နှေးလို့သွားသည်။

လှေသမားအဘိုးအိုသည် ဤနယ်ပယ်တွင် နှစ်ချို့အံတိုနေပြီ။ ရွှဲရှန်တို့ သင်္ချိုင်းတောင်ပူစာကျွန်းကိုသွားတုန်းက ငှားလိုက်သောလှေလည်း ဖြစ်သည်။ ပင်ကိုယ်သဘောဖြူသူဖြစ်ပြီး ထိုနေ့တုန်းက ရွှမ်းမင်ငွေစများကို ယူခဲ့တဲ့အတွက်ကြောင့် အားနာနေခဲ့ပုံရသည်။ ဒီတစ်ကြိမ် ရွှမ်းမင်တို့မြစ်ဖြတ်ကူးချင်တယ်ဆိုတော့ တခဏမျှတုံ့ဆိုင်းသွားပေမဲ့ နှင်းမုန်တိုင်းကြား ဖြတ်ကူးဖို့ သဘောတူလာသည်။

"အထုတ်အပိုးတွေထဲမှာသေရည်နှစ်ပုလင်းရှိတယ်..သောက်ချင်ရင်ယူသောက်လို့ရတယ်..အဲ့ဒါလေးသောက်ပြီးခန္ဓာကိုယ်ကိုနွေးအောင်လုပ်ထား!"

လှေသမားသည် လှေလှော်ရင်း ပြောလာ၏။

"ကျေးဇူးအများကြီးတင်ပါတယ်"

လှေသမားကို ကျေးဇူးတင်ကြောင်း အားလုံးပြောလိုက်ပေမဲ့ တကယ်တမ်းလှုပ်ရှားသူမှာ ရွှဲရှန်ဖြစ်သည်။

ရွှမ်းမင်သည် သောက်တတ်သောသူမဟုတ်သလို အအေးလည်းမကြောက်။ ကျန်းရှီနင်ကတော့ တစ္ဆေဖြစ်တာကြောင့် ဘာကိုမှ အစာမချက်နိုင်။ လှေပေါ်တက်ကတည်းက ငေးငေးငိုင်ငိုင်နှင့် တစ်ယောက်တည်းထိုင်နေသော လုနျယ်ချီလည်း သောက်ချင်ပုံမရ။ အအေးဒဏ်ကြောင့် တခိုက်ခိုက်တုန်နေသော ကျောက်တုန်းကျန်းသည် သေရည်သောက်ချင်နေပုံရသော်လည်း ပဲစေ့နှင့်တူသောမျက်လုံးများက တောင်ကြည့်မြောက်ကြည့်နှင့် ထမယူရဲ။

Copper Coins《铜钱龛世》Where stories live. Discover now