Zawgyi
Shen Chong စီးကရက်တွေထုတ်ပြီး Zhang Heng နဲ့ Fei Cheng ကို တစ်ခုစီ ကမ်းပေးလိုက်တယ်။ သူ့ ဆေးလိပ်ကို မီးညှိပြီး Fei Chengကို ပြုံးပြီး ပြောတယ်။
"မင်းရဲ့ နေကာမျက်မှန်ကြီးကို အခန်းထဲရောက်ရင်တော့ ချွတ်ထားပါကွာ။ ဟုတ်ပြီလား?"
Fei Cheng သူ့ မျက်နှာပေါ်က နေကာ မျက်မှန်ကို နဲနဲ ဆွဲပြီးတော့ သူ့ မျက်လုံးနားက ဒဏ်ရာတွေကို ပြလိုက်တယ်။ ပြီးတော့ မျက်မှန်ကို ပြန်တင်လိုက်တယ်။
Shen Chong နက်နက်နဲနဲပြုံးမိသွားတယ်။
"အိုး... ဘယ်သူကများ သတ္တိတွေအရမ်းရှိနေတာလဲ။ မင်းကိုတောင် ရိုက်ရဲတယ်ဆိုတော့။"
"ငါ့အစ်ကိုက လွဲပြီး ဘယ်သူရှိဉီးမှာလဲ"
"မင်း တရုတ်က ပြန်ရောက်တာ အခုမှ 2ရက်ပဲ ရှိသေးတာမလား။ ဘယ်လိုများ မင်းအကို ကို ဒေါသထွက်အောင်လုပ်ရတာလဲ?"
Fei Cheng က ပေါ့ပေါ့ပါးပါးပဲရှင်းပြတယ်။ "မနေ့က ငါ့သူငယ်ချင်းတွေနဲ့ ကားမောင်းသွားပြိုင်တာ သူ့ရဲ့ Ferrariကားကို ထိခိုက်မိသွားလို့"
"Holy Shit" Shen Chong ရှော့ နဲနဲရသွားတယ်။ "အဲ့ဒီ Ferriari ကားက 20 မီလီယံကျော် ပေးရတာမလား?"
"22မီလီယံ" Zhang Cheng ဝင်ပြောလိုက်တယ်။
Shen Chong "တောက်" နှစ်ချက်ခေါက်လိုက်တယ်။ "ငါသာ မင်းအစ်ကိုဆို မင်း ထ မလာနိုင်အောင်ကို ရိုက်ပစ်မှာ"
Fei Cheng သူ့ကို အပြစ်မတင်ဘဲ ရီလိုက်တယ်။ "ငါ အခု မြေအောက်ရထားကို လျော့စီးနေရပါပြီကွာ။ ငါ့ရဲ့ အနာတွေကို ဆားမသိပ်စမ်းပါနဲ့။ Ok? "
Shen Chong သူ့ဆေးလိပ်ရဲ့ထိပ်ကိုဖိကာ မီးသတ်လိုက်ပြီးပြောတယ်။ "မင်း US ကို ပြန်သွားမှာလား?"
"အခု ငါက ဒီပလိုမာဘွဲ့ရသွားပြီလေ။ ဘာလို့ပြန်ရမှာလဲ။ အခုကစပြီး ဒီအစ်ကိုကြီးက ဒီမှာပဲနေမှာ"
"Ming Xi မှာ မင်းအစ်ကိုနဲ့ အလုပ်အတူတူလုပ်ပြီး အကွက်တွေရွေ့ အကြံအဖန်လုပ်မလို့လား"
"အဲ့တာကိုနောက်နှစ်လကြာမှ ပြောရအောင်" Fei Cheng ပြန်ပြောလိုက်တယ်။
YOU ARE READING
ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)
Romanceကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး