💙3💜

954 94 2
                                        

“သခင်မလေး Leo ဆိုတဲ့လူကို Chaeyoungအလုပ်ဖြုတ်လိုက်ပြီ"

“သူကဒီတိုင်းပဲ‌ေလ ဘဝင်လေဟပ်ပြီးအာဏာပြနေကျမလား ဘာတွေများထူးဆန်းနေလို့လဲ"

လက်ထောက် Bam Bam ကိုကျောပေးပြီးအဆောက်အဦအပြင်ဘက်ကိုကြည့်ရင်းစကားကိုပြောနေတဲ့ Mr.manobanရဲ့သမီးငယ်ဖြစ်တဲ့ Lalisa manoban။သူမက Manobanလုပ်ငန်းစုတွင် ရာထူးကဒါရိုက်တာတစ်ဦး။Park Chaeyoung လောက်တော့ရာထူးဘယ်မြင့်ပါ့မလဲ။ မိဘနှစ်ပါးလုံးသွေးတက်ကုန်မှာပေါ့။

“ဒါပေမယ့် အဲ့လူကအငြိုးသိပ်ကြီးတယ်လို့ဝန်ထမ်းတချို့ဆီကကြားခဲ့တယ် မတော်လို့သူသာChaeyoungကို တစ်ခုခုပြန်လုပ်ခဲ့ရင်"

“ဟက် ဒါကတော့သူ့ထိုက်နဲ့သူ့ကံပဲလေ နေရာတကာသူပဲ ဆရာကြီးလိုလို သူ့လောက်တော်တဲ့သူမရှိသလို အလကားနေဘဝင်လေဟပ်နေတာ သမီးအရင်းဖြစ်တဲ့ငါကတောင်အရှုံးပေးရတယ်"

စကားကို ခနဲ့ပြီးပြောလိုက်သည်။ဒါ Lisa‌အတွက် အမုန်းဆုံးဖြစ်တည်မှုပါ။မွေးစားသမီးကိုသမီးရင်းထက်ပိုချစ်တာကိုဘယ်သူကပြုံးပျော်နေမှာလဲ။
တကယ်ဆိုသူမကသာManoban လုပ်ငန်းစုရဲ့အကြီးအကဲတစ်ယောက်ဖြစ်သင့်တာ။ဘာမဟုတ်တဲ့မွေးစားသမီးကိုမှအရာရာဦးစားပေးချင်နေကြသည်။Lisa ငယ်စဉ်ကတည်းကသူမပိုင်ဆိုင်သည့်အရာများကိုChaeကသာလုယူခဲ့တာကိုမကျေနပ်။သမီးအရင်းထက်ကိုမွေးစားသမီးကိုပဲအလေးပေးချင်ကြတဲ့မိဘတွေကိုလည်း စိတ်နာသည်။
Lisaဘက်ကအကောင်းဆံုးဖြစ်အောင်ကြိုးစားပြနေလည်း သူမ၏ကြိုးစားမှုက Park Chaeyoungရဲ့နောက်မှာကျန်ခဲ့ရတာချည်း။ မုန်းတယ် Park Chaeyoung ငါ့ဘဝကပြည့်စုံတယ်လို့ထင်ရပေမယ့် တကယ်တမ်းငါလိုအပ်တဲ့အရာအားလုံး နင်အကုန်လုယူသွားတာ။

“Bam Bamငါတို့အပြင်သွားကြရအောင်
ဒီမှာနေရတာစိတ်ညစ်တယ် လာသွားမယ်"

“ဘယ်နေရာသွားမလဲ"

“Jen ရှိရာဆီ"
Jenဆိုတာနဲ့Lisa အလိုလိုပြုံး‌မိနေတယ်။
သူမတစ်ဖက်သတ်ချစ်ရသူလေးကို။
သူမအနားမှာရှိနေရင် စိတ်ညစ်မှုတွေကဘယ်ပျောက်သွားမှန်းမသိဘူး။အချစ်စွမ်းအားထင်ပါရဲ့....

********************
Chaeက‌ေတာ့အချစ်အ‌ေကြာင်းကို‌ေခါင်းထဲပင်မထည့်ဖြစ်။သူမသိတာက သူမကို
ငယ်စဥ်ကတည်းကခုထိပြုစုပျိုး‌ေထာင်ခဲ့တဲ့‌
ေကျးဇူးကိုပြန်‌ေပးဆပ်ရန်အလုပ်ကြိုးစားရမှာကိုပဲ။သူမကပဲအလုပ်ကိုတန်ဖိုးထားလွန်းသောကြောင့်ပဲလားမပြောတတ်။ ကျန်တဲ့အရာ‌တွေကိုသည်းခံနိုင်ပေမယ့်အလုပ် နှင့်ပတ်သတ်ရင်နည်းနည်းလေးမှအမှားမခံ။
ဝန်ထမ်းတွေကလည်းChaeကိုကြောက်၍သာ ပြောသမျှနာခံနေကြသည်။ဒီလိုမျိုးဆိုတော့လည်း မိမိဘာသာဂုဏ်ယူမိပြန်သည်။အဓိက ကလုပ်ငန်းစုမှာပြဿနာမဖြစ်စေချင်သောသူမဆန္ဒပြည့်ဝနေတာကြောင့်စိတ်ချမ်းသာနေသည်။

မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]Donde viven las historias. Descúbrelo ahora