အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ

4.9K 831 49
                                    


လီဟုန်ရွှမ်းဆီကနေ ကူညီမယ်ဆိုတဲ့စကားကိုကြားလိုက်ရချိန်မှာ ရှဲ့ဟယ်ပြောမပြတတ်လောက်အောင်အံ့အားသင့်နေခဲ့တယ်။

အယ်လန်နဲ့ စွန်းဇီယန်တို့ကလဲ သရဲတစ္ဆေတွေကိုမြင်လိုက်ရသလို မျက်နှာတစ်ခုလုံးပြာနှမ်းနေပြီ....ဒီကောင်လီဟုန်ရွှမ်း ဆေးမှားသောက်ထားတာလား???တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဖလှယ်လိုက်တယ်။သူ့မျက်စိရှေ့မှာ လူတစ်ယောက်လုံးသေသွားမယ်ဆိုရင်တောင် သွေးအေးအေးနဲ့ လက်ပိုက်ကြည့်နေမယ့် လီဟုန်ရွှမ်းက ဒီဆရာလေးကို ကူညီမယ်ဆိုပဲ.....

နည်းနည်းတော့လွဲနေပြီနော်.....

နှစ်ယောက်စလုံးရဲ့မျက်နှာပေါ်ကအမူအရာတွေက ထပ်တူကျနေပေမယ့် စိတ်ထဲမှာတွေးတောနေတာတွေကတော့ ကွဲလွဲနေတယ်။စွန်းမိသားစုက လီမိသားစုကိုမှီခိုနေရတဲ့မိသားစုတစ်ခုဖြစ်တယ်။ပြီးတော့...လီဟူန်ရွှမ်းက လီမိသားစုအဖိုးကြီးရဲ့ အချစ်ဆုံးမြေး ဖြစ်တဲ့အပြင် လီမိသားစုရဲ့ဆက်ခံသူအလောင်းအလျာ....သူ(စွန်းဇီယန်)ကို လီဟူန်ရွှမ်းနဲ့ ဆက်ဆံရေးကောင်းတစ်ခုတည်ဆောင်နိူင်အောင် မိဘတွေက လီဟုန်ရွှမ်းနဲ့တစ်ခန်းထဲကျအောင် ကြိုးစားကေးထားကြတာပါ....အခု လီဟုန်ရွှမ်းက ဆရာလေးနဲ့ ကစားချင်နေတယ်....အကယ်၍ လီဟုန်ရွှမ်းသာ လူသတ်ချင်တယ်ဆို တုံ့ဆိုင်းနေစရာမလိုဘဲချက်ချင်းသတ်ပစ်နိုင်တယ်လေ......

တစ်ဖက်က အယ်လန်ရဲ့အတွေးတွေကတော့ စွန်းဇီယန်ရဲ့အတွေးတွေနဲ့ဖြောင့်ဖြောင့်ကြီးကွဲလွဲနေတယ်။အယ်လန့်ရဲ့မိသားစုတွေက ပြည်ပနိုင်ငံမှာနေထိုင်ကြတဲ့အတွက် အကျိုးစီးပွားနဲ့ပတ်သတ်ပြီးလီမိသားစုနဲ့ဆက်ယှက်စရာအကြောင်းမရှိပေ....အရင်တုန်းကသာဆို အယ်လန့်ဘက်က သူငယ်ချင်းဆက်ဆံရေးကို ထောက်ထားပြီးခြေတစ်လှမ်းနောက်ဆုတ်ပေးနိူင်ပေမယ့်အခုဟာက အရသာရှိတဲ့အသားကင်ကို အမြည်းကျွေးပြီးမှ အတင်းထွေးထုတ်ခိုင်းနေသလိုကြီးဖြစ်နေပြီ....ဒီခံစားချက်ကြီး ခံရခက်လွန်းနေတယ်။ဒါ့ကြောင့် လီဟုန်ရွှမ်းကိုစိုက်ကြည့်နေတဲ့ အယ်လန့်ရဲ့အကြည့်တွေထဲမှာ ဖော်ရွေမှုတွေကင်းမဲ့နေတယ်။

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now