|112|

1.4K 252 1
                                    

[Unicode]

ဟယ်ရှင်းချွမ်မှာ ပြဿနာရှိနေတယ်။

သူ့ဘေးမှာ ယန်ထန်ရှိမနေဘူး၊ သူ့ရင်ထဲမှာလည်း ဖွင့်ဟချင်တဲ့အကြောင်းအရာတွေ ပြည့်နှက်နေတယ်။
ဒီလိုအခြေအနေမျိုး ဖြစ်ခဲ့ရင်တော့...ဟယ်ရှင်းချွမ်လုပ်ဖြစ်တာက တစ်အိမ်လုံးကို သန့်ရှင်းရေးပြုလုပ်ခြင်းပါပဲ။

ည၁၁နာရီထိုးနေပေမဲ့၊ ဟယ်ရှင်းချွမ်ဟာ ရေချိုးခန်းထဲမှာ ကြမ်းထိုင်တိုက်နေမိတုန်းပင်။

ဝူကျင်းက ဖုန်းခေါ်ခဲ့သေးတယ်၊ ထိုလူက ဘယ်သူဖြစ်ကြောင်းကို ပြောပြဖို့အတွက်ပေါ့။

ကျိုးအာလို့ခေါ်တဲ့လူ။

ချူးဖန်ရဲ့သေဆုံးခြင်းမှာ နက်ရှိုင်းစွာပါဝင်ပတ်သတ်နေခဲ့တဲ့အမျိုးသား။

သူတို့တိုက်ရဲ့ပါကင်နေရာမှာ အဲ့ဆိုင်ကယ်ဟာ နှစ်အကြာကြီးရှိနေခဲ့တယ်။
အထက်တန်းတုန်းက တစ်ခါကလွဲရင်၊ ယန်ထန်က အဲ့ဆိုင်ကယ်ကိုလုံးဝမရွှေ့လျားစေဘူး။
သို့သော်လည်း...လဝက်အကြာတိုင်းမှာ ဆိုင်ကယ်ကိုသေချာဆေးကြောလေ့ရှိပါတယ်။

နှစ်တွေကြာနေပေမဲ့၊ သံချေးလည်းမတက် ပျက်လည်းမပျက်စီးသွားတဲ့ဆိုင်ကယ်လေး။

'ချူးဖန်'ဆိုသောအမည်က ယန်ထန့်နှလုံးသားထဲစိုက်ဝင်နေခဲ့တဲ့ ဆူးတစ်ချောင်းနဲ့ဆင်တူလှတယ်။
အတင်းအကြပ်ဆွဲထုတ်မိခဲ့ရင်၊ စီးကျလာမဲ့နှလုံးသွေးတွေကို ရပ်တန့်နိုင်မယ်မထင်ဘူး။

ယန်ထန်က အမြဲ သူ့ကိုယ်သူအပြစ်တင်နေခဲ့တာ...

ရုတ်တရပ်ကြီး၊ စိတ်ဓာတ်ကျလာရပြီ။
လက်ထဲရှိကြမ်းသုတ်ဝတ်ကို လွှင့်ပစ်လိုက်ပြီး၊ ရေချိုးခန်းကြမ်းပြင်ပေါ် စိတ်ပျက်လက်ပျက်ထိုင်ချမိတယ်။

ကြမ်းပြင်ထက်မှရေတွေဟာ သူ့ဘောင်းဘီကို စိုရွှဲသွားစေပေမဲ့၊ ဟယ်ရှင်းချွမ်ကတော့ ထမလာခဲ့ပါဘူး။

လုပ်ကျတာပေါ့!

နဂိုလည်း လူကောင်းမှမဟုတ်တဲ့ဟာပဲကို!

တစ်ခုခုကို ပိုင်နိုင်စွာဆုံးဖြတ်ချက်ချပြီးနောက်မှာတော့၊ ဟယ်ရှင်းချွမ်က အေးစက်နေသောကြမ်းပြင်ထက်မှ မတ်တပ်ထရပ်လိုက်တယ်။
ဆပ်ပြာမြုပ်တွေကိုလည်း သေချာပြောင်စင်သွားအောင် ရေဆေးချနေပါတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now