၈၀

14K 2K 160
                                    

Unicode

ကွာရှင်းခွင့်လျှောက်လွှာ တင်၍ ထွက်ခွာခြင်း

အဖွားဖြစ်သူဆီသို့ ပေးပို့ရန် ကြံရွယ်ထားသည့် ယဲ့မင်ကျူးသည်ကား နောက်ဆုံး၌ ချန်းကျင်း၏လက်ထဲသို့သာ ပြန်ရောက်လာခဲ့ရလေပြီ။ သူသည် ခင်ပွန်းဖြစ်သူကများ သူ့ကိုညာနေခြင်းလောဟု သံသယဝင်မိ၍ လုထောင်ကို အသေအချာ ထပ်မံမေးမြန်းချင်မိသည့်တိုင် မည်ကဲ့သို့ မေးရမှန်းလည်း မသိခဲ့ပြန်ပါပေ။

သို့နှင့် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားကာ နောက်ဆုံး၌ လုထောင်ခွဲစိတ်မည့် ရက်မတိုင်မီ တစ်ရက်အလိုထိပင် ရောက်ရှိလာရသည်။ သို့သော် ထိုရက်တွင်မှ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသော သတင်းတစ်ခုကလည်း တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာရပြန်၏။

မည်သူက စလိုက်မှန်းမသိပါသော "ကိုင်မီရား" အကြောင်းမှာ အင်တာနက်တစ်ခွင် ကွဲကွဲစင်အောင် ပျံ့နှံ့သွားရခြင်းပင်။

လူသားစမ်းသပ်မှုများ ပြုလုပ်သည့် အကြောင်းအရာမျိုးသည်ကား နှစ်ရာပေါင်းများစွာကြာသည်အထိ တည်ရှိနေခဲ့ခြင်းဖြစ်သည့်တိုင် ၎င်းစမ်းသပ်မှုမှာ တစ်ဖက်တွင်မူ အတော်လေး ရှုံ့ချခံရပြန်သည်။ အကယ်၍ တစ်ယောက်ယောက်က လူသားစမ်းသပ်မှုအား လျှို့ဝှက်လုပ်ဆောင်နေကြောင်းကို အခြားလူများကသာ သိရှိသွားကြပါလျှင် ထိုလူမှာ အများ၏ရှောင်ကြဉ်ခြင်းကို ခံရ၍ သိက္ခာကျဆင်းရုံမက ဥပဒေအရ တာဝန်ယူရန်လည်း လိုအပ်သေးပေ၏။ ထို့အပြင် တစ်ခါက ၎င်းစမ်းသပ်မှုမျိုးနှင့် ဆက်စပ်သည့် ဝန်ထမ်းများပါမကျန် တရားခံ ခေါင်းဆောင်ဖြစ်သူနှင့်အတူ အဆင့်နိမ့်ကမ္ဘာသို့ နှင်ထုတ်ခံခဲ့ရသည်ဟူသော ကိစ္စမျိုးလည်း ရှိခဲ့ဖူးလေသည်။

သို့သော် ယခုအချိန်တွင် ၎င်းလူသားစမ်းသပ်မှုမှာ အတိအလင်းကြေညာခံလိုက်ရပေပြီ။ ထို့အပြင် ၎င်းစမ်းသပ်မှု၏နောက်ကွယ်မှ ကြိုးကိုင်သူမှာ အရှေ့ဒေသ၏ အထွေထွေရေးရာ ဝန်ကြီးချုပ် အင်ဒရာ ဖြစ်သည်ဟုလည်း အမည်မဖော်လိုသူ လူအချို့က သက်သေအခိုင်အမာဖြင့် ပြောဆိုနေကြပြန်၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now