Chapter 29

30.1K 3.8K 26
                                    

Unicode

ချီချီလည်းကျောင်းစတက်ပြီ ရုပ်ရှင်လည်းစရိုက်ပြီ
__________________________________

စက်တင်ဘာလ ၁ရက်နေ့သည် တစ်တိုင်းပြည်လုံးရှိ ကလေးများ တရားဝင်ကျောင်းစတက်ကြမည့် နေ့ဖြစ်သည်။ ချီချီတစ်ယောက်လည်း သူ့ရဲ့ကျောပိုးအိတ်လေးကိုလွယ်ကာ မူလတန်းကျောင်းသားဘဝအား တရားဝင်စတင်တော့မည်။ မျှော်လင့်ထားတဲ့အတိုင်း ကျန်းမော့ချန်က အမှီပြန်မလာနိုင်ခဲ့ပေ။ ယန်းချင်းချီတစ်ယောက်ထဲသာ ကလေးကို ကျောင်းအပေါက်ဝအထိ လိုက်ပို့ရတော့သည်။

ယန်းချင်းချီ ကလေးကို အင်္ကျီကူပြင်ပေးနေလိုက်ကာ သတိပေးလာပြန်သည်။

''ပါးပါးဘာမှာထားလဲ မှတ်မိလား ''

ချီချီက လိမ်လိမ်မာမာလေး ခေါင်းငြိမ့်ပြကာ

''သားမှတ်မိတယ် ''

ယန်းချင်းချီက သူ့အား ထပ်သတိပေးလာသည်။

''တခြားကလေးတွေ သားအင်္ကျီကိုမဆွဲစေနဲ့ သူများလာနမ်းတာကို လက်မခံနဲ့ တကယ်လို့ တယောက်ယောက်က အနိုင်ကျင့်ရင် ဆရာမ ဒါမှမဟုတ် ပါးပါးကိုပြောရမယ် တကယ်လို့ တယောက်ယောက်က အဝတ်အစားတွေလာချွတ်ရင် ဆရာမပဲဖြစ်ဖြစ် တခြားကလေးပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ပါးပါးကို ကျိန်းသေပေါက်ပြန်ပြောရမယ်နော် တကယ်လို့ တယောက်ယောက်က လာနမ်းရင်လည်း သားလုံးဝလက်ခံလို့မရဘူး ''

ချီချီကနားလည်သလိုလေး အသံပြုလာသည်။

ယန်းချင်းချီ ကလေးရဲ့ဆံပင်လေးများကို ပွတ်သပ်လိုက်ကာ ခပ်လှမ်းလှမ်းမှာရှိနေသည့် ကျောင်းအပေါက်ဝကို လှမ်းကြည့်လိုက်သည်။ ဒီမူလတန်းကျောင်းက ပိုက်ဆံတတ်နိုင်သူများနှင့် သူဌေးများသာ ထားနိုင်သည့် ကျောင်းဆိုတာသိသာလှသည်။ ကျောင်းရှိ ဆရာ၊ဆရာမတွေကလည်း ဒီလိုကျောင်းမျိုးမှာ လွှမ်းမိုးနိုင်စွမ်းရှိပြီး နောက်ခံကောင်းသည့် ကလေးများသာလျှင် တက်ရောက်နိုင်မည်ကိုသိသည်။ ထို့ကြောင့် ဘယ်သူမှ မဆီလျော်တဲ့အပြုအမူတွေ မလုပ်လောက်ပါ။

သူနည်းနည်းလောက် စိတ်သက်သာရာရသွားကာ

''လာ ပါးပါး စာသင်ခန်းထဲကိုလိုက်ပို့ပေးမယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now