Chapter-20

1.7K 356 12
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်

ကျီဇီရွှမ်ကချင်ချန်းချန်းကို အချိန်ပိုအလုပ်လုပ်ဖို့ပြန်မခေါ်ခင်အထိ ကုရှီးယွီနဲ့ချင်ချန်းချန်းတို့ကော်ဖီဆိုင်မှာပဲနေ့လည်ခင်းတခုလုံးအချိန်ဖြုန်းနေကြသည်။
"ဘယ်သွားနေတာလဲ"
ကုရှီးယွီတိုက်ခန်းဆီပြန်ရောက်ရောက်ချင်း ကျီချင့်ဆီကစစ်မေးတာခံရသည်။
ကျီချင်ရဲ့အလုပ်နားရက်ရတာအတော်ရှားသည်၊လောလောဆယ်တွင်ကျီချင်က ပေါ့ပေါ့ပါးပါးအိမ်နေရင်းအ၀တ်အစား၀တ်ထားကာ ဆိုဖာပေါ်မှာသက်တောင့်သက်သာထိုင်နေသည်။
သူ့ရှေ့ကဖွင့်ထားတဲ့TVမှာတော့ နာမည်ကြီးအနုပညာရှင်တွေရဲ့သတင်းတွေကိုထုတ်လွှင့်နေသည်။

ကုရှီးယွီတံခါးပိတ်လိုက်ပီးမှ
"ချင်ချန်းချန်းကိုပေးစရာရှိလို့သွားတွေ့တာ"
သူပြောပီးတာနဲ့ကျီချင့်ကိုမော့ကြည့်လိုက်တော့ ကျီချင်ကသူ့ကိုမှုန်မှိုင်းနေတဲ့မျက်နှာထားနဲ့ကြည့်ပီး
"ဘာပေးစရာရှိလို့လဲ"
ကုရှီးယွီက အိမ်ထဲစီးဖိနပ်ကိုစီးနေရင်း
"တိုင်းပြည်Fမှာတုန်းက ခင်ဗျားကျနော့်ကို၀ယ်ပေးထားတဲ့အူကြောင်​ကြားအ၀တ်အစားတွေပေါ့"
ဟုတ်ပါတယ်၊အဲ့ဒီအ၀တ်အစားတွေက ကျီချင်၀ယ်ခဲ့တာပါ။
အဲ့နေ့ကအစည်းအ​ေ၀းပီးတော့ ကျီချင်တယောက်လမ်းမှာအ၀တ်ဆိုင်တဆိုင်တွေ့လို့ အမှတ်တမဲ့ကြည့်လိုက်မိရာ ဆိုင်ကအ၀တ်အစားတွေကကုရှီးယွီနဲ့အတော်လေးလိုက်တယ်လို့ခံစားရပီးအများကြီး၀ယ်ခဲ့လိုက်သည်။
ဟိုတယ်ရောက်မှသေချာကြည့်လိုက်တော့ အချို့အ၀တ်တွေကမိန်းကလေးအ၀တ်တွေဖြစ်နေသည်။

အဲ့အချိန်တုန်းက ကျီချင်စောဒကတက်ပုံမှာ
"မင်းကပိန်ပိန်လေးလေ၊အဲ့တော့ ကိုယ်လည်းအသေးဆုံးဆိုဒ်ရွေး၀ယ်လာခဲ့တာ။မိန်းကလေး၀တ်တွေဖြစ်နေမယ်လို့မထင်ထားဘူး"
ကုရှီးယွီကဆိုဖာဆီသွားနေရင်းဖုန်းဖွင့်လိုက်ကာ ငွေချေတဲ့Appကိုဖွင့်ပီးကျီချင့်ကိုပြလိုက်သည်။
"သူမက အဲ့အ၀တ်အစားတွေစျေးကြီးလို့ ဒီတိုင်းမယူချင်ဘူးတဲ့၊အာ့နဲ့ ကျသင့်ငွေကိုကျနော့်ဆီလွှလိုက်တယ်။ခဏနေကျရင်ကျနော်ခင်ဗျားဆီပြန်လွှဲပေးလိုက်မယ်"
ကျီချင်ကမျက်ခုံးပင့်လိုက်ပီးမှငွေအကြောင်းသိပ်ဂရုစိုက်မရဘဲ
"ရတယ် မလွှဲနဲ့၊ကိုယ့်ပိုက်ဆံက မင်းပိုက်ဆံပဲလေ။အဲ့ပိုက်ဆံကိုမင်းကြိုက်တဲ့နေရာမှာသုံးပစ်လိုက်"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now