Part 45

2.5K 271 114
                                    

[ Unicode ]

နေအဖွဲ့အစည်းဟူသော ဝေါဟာရကို ကြားလိုက်ရချိန်တွင် ချန်းယောလ်စိတ်ထဲသိပ်ပြီး အံ့ဩမှုကို မခံစားလိုက်ရပါချေ။ သို့မှမဟုတ် ... အကြောင်းပြချက်မှန်သမျှ ကြားရကတည်းက သူဘာကိုမှမအံ့ဩတာဆို ပိုမှန်မည်။ သူ့စိတ်ထဲတွင် ဘခ်ဟျွန်းက သူ့အပိုင်ဖြစ်သည်ဟူသော အသိကသာ ထိန်းချုပ်မရ ပေါက်ကွဲထွက်စေပြီး အံ့ဩစေတာဖြစ်သည်မို့။ ချန်းယောလ် ခပ်တိုးတိုးရေရွတ်မိသည်။

"ငါ့အမေက နေအဖွဲ့အစည်းကပေါ့"

ဆယ်ဟွန်းသည်အသံတိတ် ခေါင်းညိတ်ပြ၏။

"မင်းအဖေရဲ့ ကာကွယ်မှုအောက်မှာ ရှိနေခဲ့တာဆိုပေမယ့် မွေးလာမယ့်ကလေးကဘယ်လိုဖြစ်လာမလဲဆိုတာကို ကြိုတွေးပြီး ဝှက်ထားခဲ့တာလို့ ငါထင်တယ်"

နေအဖွဲ့အစည်းဟူသော စကားစုကို ချန်းယောလ် မတွေးခဲ့မိသည်မဟုတ်။ သူ၏အမည်မသိ စွမ်းအားထွက်ပေါ်လာချိန်တိုင်း ထိုသို့တွေးခဲ့မိသည့်တိုင် မဖြစ်နိုင်လောက် ဟူသောအတွေးကသာ ပြန်လည်ကြီးစိုးသည်မို့။ ယခုတော့ သေချာပြီဖြစ်ပြီး ပထမဆုံးခေါင်းထဲဝင်လာသည်က လီချန်းဝူး။

"လီချန်းဝူး၊ အခုတလော အဲ့ကောင်ခြေလှမ်းတွေ သိရသေးလား"

ဆယ်ဟွန်းမျက်မှောင်ကြုတ်သွား၏။

"အခုတလောတော့ ငြိမ်ချက်သားကောင်းနေတယ်၊ သူဘာတွေကြံစည်နေလဲဆိုတာ ခန့်မှန်းရနေပေမယ့် အခုထိတုပ်တုပ်မှ မလှုပ်တာက ငါ့ကိုစိုးရိမ်နေစေတာပဲ"

ကြံစည်မှု။
ထိုကောင် လီချန်းဝူးသည် သူတို့၏အင်အားကို မှီချင်မှသာမှီမည်။ အလွန်တရာ လည်သည့်ကောင်ဖြစ်သလို အကြံအစည်အကွက်ချမှုတွေမှာလည်း ပြိုင်ဖက်ကင်းသည်။ အစကတည်းက ဘခ်ဟျွန်းအနားကို သူအရင်ချဥ်းကပ်ခဲ့တာဟု တွေးမိလိုက်တိုင်းမှာ တုန်လှုပ်ဒေါသထွက်ရပေမယ့် ဘခ်ဟျွန်းအား တစ်ချက်မထိခဲ့တာကိုတော့ နားမလည်နိုင်ခဲ့။ အခြေအနေမပေး၍ပဲလား၊ တစ်စုံတစ်ခုကို စောင့်နေသည်လား၊ ထိဖို့အကြံမရှိသည်အထိပဲ ဘခ်ဟျွန်းကို မြတ်နိုးနေသလား။ တစ်လောကလုံးနီးပါး အလိုရှိနေသည့် ကြင်ရာတော်ကို ဘေးနားထားပြီး တစ်ချက်ပင် ကျူးလွန်မှုမပြုခဲ့သည်အား မည်သို့မှ နားလည်၍မရသလို ခန့်မှန်း၍လည်း မရပါချေ။

The LOEYWhere stories live. Discover now