Chapter(330) - မောက်မောက်အား အသုံးချခြင်း

2.7K 684 49
                                    

Unicode

အခန်း(၃၃၀) - မောက်မောက်အား အသုံးချခြင်း

အပြန်လမ်းမှာ ယန်ထျန်းဟန်ရဲ့ အမူအယာက ထူးဆန်းနေသည်။

"ဒီနေ့မင်းအမူအယာက ဘာလို့အဆင်မပြေ ဖြစ်နေတာလဲ?" လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ မျက်နှာလေးကို ဆွဲညှစ်လိုက်သည်။

"ငါ့မိသားစုရဲ့ အားဟန်လေးကို ဘယ်သူအနိုင်ကျင့်လိုက်တာလဲ?"

ယန်ထျန်းဟန်က အတော်လေးကို လေးနက်တည်ကြည်လှစွာဖြင့် ပြန်ဖြေသည်။

"အကိုကြီး, အရှေ့ဘက်တိုက်မကြီးမှာ အကိုကြီး ပစ္စည်းတွေ၊ ဆေးလုံးတွေနဲ့ ကိရိယာဆိုင်တွေကို တစ်မျိုးကို သုံးဆိုင်ဆီနဲ့ ကိုးဆိုင် ဖွင့်ခဲ့တယ်, ကြီးမားတဲ့ ငှားရမ်းခကို ထည့်မပြောသေးဘူး, ဒါ့အပြင် အဲ့ဒီကုန်စည်တွေကလည်း အသုံးစရိတ် အကြီးစားတွေကြီးပဲ, အကိုကြီးက ကျွန်တော့်ဆီကနေ အစကနေ အဆုံးထိ ပိုက်ဆံတစ်ခါမှ မတောင်းခဲ့ဘူး, ကျွန်တော်မှတ်မိသလောက်ဆိုရင် အကိုကြီးဆီမှာ နောက်ဆုံးကျန်တဲ့ ပိုက်ဆံတွေက ကျွန်တော့ဆရာအတွက် ပစ္စည်းတွေ ဝယ်လိုက်တုန်းက ကုန်သွားပြီမဟုတ်ဘူးလား, လင်မိသားစုကလည်း ဒီအတွက် ပေးစရာအကြောင်း မရှိဘူး "

လင်ရွှမ်းဇီသည် ဘာကြောင့်ယန်ထျန်းဟန်က တစ်နေကုန် လက်တွေချိုးပြီး ရေတွက်နေတာလဲ ဆိုတာအား ရုတ်တရက် နာလည်သွားတော့လေသည်။ သူက မနေနိုင်စွာဖြင့်ပင် ရယ်မောမိတော့၏။

"ဘာလို့ မင်းပိုက်ဆံကို သုံးဖို့ လိုအပ်မှာလဲ? ပါးပါးက ပိုက်ဆံတွေ အများကြီး ချန်ထားခဲ့တာပဲလေ ပြီးတော့  ငွေချေးဌာနတွေကလည်း ငွေတစ်ချို့ ချေးထားသေးတယ်, ဒါ့အပြင် အဲ့ဒီကိုးဆိုင်မှာ ခြောက်ဆိုင်က ပါးပါးချန်ထားခဲ့တဲ့ ဆိုင်တွေကို ပြန်လည်ပြင်ဆင်ပြီး ဖွင့်ထားတဲ့ဟာ, ပိုက်ဆံသိပ်မကုန်ပါဘူး"

ယန်ထျန်းဟန်ကတော့ နှုတ်ခမ်းဆူနေဆဲပဲ

"အကိုကြီးက ကျွန်တော့ကို ဘာမှစိုးရိမ်ပူပန်မှု မရှိစေတဲ့အပြင် ဘာမှလည်း မပြောဘူး, ကျွန်တော်က အမြဲတမ်း အပြင်ထွက်နေသလို ခံစားရတယ်, ကျွန်တော်လည်း ကူညီချင်တာပေါ့ ဒါပေမဲ့ အကိုကြီးက အမြဲတမ်း အရာအားလုံးကို ကိုယ့်ဘာသာကိုယ်ပဲ ပြီးအောင်လုပ်တယ်, အကိုကြီးအဲ့ဒီ အကြီးအကဲတွေ ဦးလေးတွေနဲ့ စီးပွားရေးကိစ္စ စကားပြောတုန်းကဆိုရင် ကျွန်တော်ဘာမှ နားမလည်တဲ့အပြင် ဘာအင်အားမှလည်း မပေးနိုင်ဘူး"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now