Ep-23(Uni/Zg)

82.2K 5.6K 1.1K
                                    

မီးရောင်စုံကြားထဲ ဆူညံနေတဲ့သီချင်းသံတွေက ပျံလွှင့်လျှက်ရှိသည် Clubထဲလာရောက်ပျော်ပါးနေသူတွေကလဲ စိတ်လွတ်ကိုယ်လွတ်ကကာ အော်ဟစ်ဆူညံနေကြသည်...ထုံးစံအတိုင်း လူသိပ်မမြင်ရတဲ့နေရာတနေရာမှာ ဆေးလိပ်ငွေ့တွေကို ရှုရှိုက်ပီး အလွမ်းဓာတ်ဖြေနေသူက ငြိမ်သက်လျှက်ပင်...၀တ်နေကျအဖြူရောင်မဟုတ်ပဲ
နီညိုရောင် shirtလေးကို ရင်ဘတ် ကြယ်သီးသုံးလုံးလောက်ဖြုတ်ပီး ၀တ်ထားတာကြောင့် ထိုလူရဲ့အသားအရေက အင်္ကျီအရောင်နဲ့ဟပ်ကာ ထင်းနေသည်...မဟော်ဂနီရောင်ဆံပင်တွေကို အနောက်မှာစုပီး စည်းထားတာကြောင့် ထိုလူရဲ့ကပြားရုပ်မျက်နှာလေးက ပို၍ပေါ်လွင်နေသည်...

' ဒုန်း!!!! ခလွမ်း!!!!!

ဘေး၀ိုင်းမှမူးရူးနေသူတွေက  ဖန်ခွက်တွေ စားပွဲတွေကို မှောက်လှန်ပစ်တာကြောင့် စိတ်ညစ်နေတဲ့အတွေးအာရုံကနေ စိတ်ရှုပ်စရာအဖြစ်သို့...

' ခင်ဗျားတို့ ရန်ဖြစ်ချင်ရင်အပြင်မှာသွားဖြစ်ကြ ကျတော့် clubထဲမှာတော့ ရန်လာမဖြစ်နဲ့ '

' မင်းကဘာကောင်လဲ ဘာဖြစ်ချင်တာလဲ '

' ဒါကျတော့်ရဲ့ club... ခင်ဗျားတို့လူရမ်းကားလာမလုပ်နဲ့ '

' ရမ်းကားတော့ ဘာဖြစ်လဲကွာ '

မူးပီးရမ်းနေတဲ့လူက မာန်ဟိန်းကိုကိုရဲ့ အင်္ကျီကော်လံကိုဆွဲကာ
ထိုးဖို့လက်ရွယ်လိုက်သည်...ရုတ်တရက်ဖြစ်သွားတာကြောင့် ခုခံနိုင်ဖို့ အချိန်မရ....

' ခွပ် '

မာန်ဟိန်းကသူအထိုးခံရပီထင်ပီး မျက်လုံးစုံမှတ်လိုက်ပေမဲ့ အတွေးနဲ့တခြားစီပင် သူ့ကိုထိုးဖို့ရည်ရွယ်နေတဲ့ လူရဲ့ခေါင်းကနေ သွေးများစီးကျလာတာကြောင့် ခဏတာအံ့အောမှင်သက်သွားသည် ထိုလူခေါင်းကိုအရက်ပုလင်းနဲ့ ရိုက်ခွဲလိုက်သူကို ကြည့်လိုက်တော့ မမျှော်လင့်ထားတဲ့သူဖြစ်နေသည်

' အရမ်းလူမိုက်လုပ်ချင်နေရင် အဲ့လူကိုမထိုးနဲ့ ကျုပ်ကိုလာထိုး ခင်ဗျားတယောက်လောက်ကို ကျုပ်ကအသာလေးသတ်ပစ်လို့ရတယ် နားလည်လား!!!!... Sam အဲ့လူကို ဆေးဖိုးပိုက်ဆံပေးပီး အပြင်ဆွဲထုတ်သွားလိုက် '

HANARY(S1+S2) Where stories live. Discover now