8

12K 673 7
                                    


Unicode

"တော်ပါပြီကွာ ငါ့သီချင်းလေးများဟာ မိတ်ကပ်မကြိုက်ပါ အားမပေးလည်းငါအားပြည့်သလို တူတူးတူး ဒန်ဒန်ဒန့် တန်တန်တန်"

"ကျစ် နားညီးတယ်ကွာ စာလုပ်မယ်ဆို ဆောက်ပါးစပ်ပေါက်ပိတ်ထား!"

ဆဲရေးဆဲဆိုကာ ‌ပြောလိုက်သည့်အကိုကြီးဘညားကြောင့် ပိုပိုလေး၏ဇက်ဂုတ်ပုသွားသည်၊ သီချင်းလေးညီးရင်း စာလုပ်နေတတ်တာက ပိုပို့အကျင့်ပါလေ

"အကိုကြီးဘညားကလည်း ပိုပိုကအကျင့်ပါနေလို့ဟာကို"

"အကျင့်ပါနေလည်းဖျောက်လိုက် ဒါမင်းတို့ရဲ့ တောခြုံအုံကြား မဟုတ်ဘူး"

"အကိုကြီးဘညားနော် ပိုပိုတို့ဒေသကိုမစော်ကားနဲ့"

"ငါကမင်းတို့ဒေသကိုမစော်ကားဘူး မင်းကိုဘဲ ဟင်းဟင်း ငါ့ပါးစပ်ကထွက်မိတော့မယ်"

"ဟန့်ဘညားရေ ဟန့်ဘညား"

အိမ်ရှေ့ကခေါ်သံကြားတာကြောင့် ဟန့်ဘညားဆော့နေသည့်ဖုန်းကိုချ၍ ထွက်လာခဲ့သည်

"အော် မင်းသစ္စာလာလေ"

မင်းသစ္စာအိမ်ထဲ၀င်လာချင်းချင်း သနပ်ခါးများဖုန်‌ေန‌ေအာင်လိမ်းထားသည့် ကလေးလေးတယောက်ကြောင့် ကြောက်ရုပ်ကြီးတယောက်လို ရပ်ကြည့်နေသည် သူ့ကိုတချက်ကြည့်ပြီး ပြုံးပြလာတဲ့ကလေးကြောင့် မင်းသစ္စာ သွားတဖြီးဖြီးဖြင့်...။

ဟန့်ဘညားသူ့ရှေ့ကကောင်က ရှေ့ဆက်မသွားဘဲ ပိုပိုချစ်ကိုကြည့်နေတာကြောင့် ပြေးထိုးချင်စိတ်တဖွားဖွား၊ ဇက်ပိုးကိုတချက်အုပ်ပြီး

ဖြန်း!

"မတ်တပ်ကြီးသေနေတာလား မင်းသစ္စာ"

"ငါလိုးမ နာလိုက်တာ"

"ပိုပိုချစ် ခုချက်ခြင်း ပန်းပင်တွေရေသွားလောင်း"

အကိုကြီး၏အမိန့်သံကြောင့် စာရေးနေရင်းမှပိုပိုခေါင်းမော့လိုက်ကာ

"ဟင် အခုလေးတင်ဘဲပိုပိုရေလောင်းထားတာလေ အကိုကြီးဘညားရဲ့"

"မလိုချင်ဘူး ငါကလောင်းဆိုသွားလောင်း!"

"ဟုတ်ကဲ့ ပိုပိုခုသွားလောင်းလိုက်ပါ့မယ်"

MOUM{Completed}Where stories live. Discover now