Part(15)

7.6K 634 21
                                    

Unicode

  "ညီညီ...!တံခါးဖွင့်လို့ ငါပြောနေတယ်"

  "ဒုန်း..!ဒုန်း...!"

  "​ရော်...ဘာတွေလောနေတာလဲ...စာရင်းလုပ်စရာ ရှိနေလို့ကြာသွားတာပါ အဟင်း"

   "အပိုတွေမပြောနဲ့ ညီညီ...ညနေက ကိစ္စ အခုရှင်း"

  အနဂ္ဂကတော့ အစ်ကိုဖြစ်သူ နောက်မှာ ကပ်ပါလာသည်ကို သိသော်လည်း စာအုပ်တွေ ပုံချသည့် စားပွဲဆီသို့သာ လျှောက်သွားလိုက်သည်။ ပြီးတော့မှ ကုလားထိုင်မှာ ဝင်ထိုင်ရင်း MacBookကို ကောက်သုံးနေလိုက်၏။

   "အနဂ္ဂထည်...မင်းဘာကြောင့် ဒီလောက်အထိ ကလေးဆန်တာတွေ လုပ်နေရတာလဲ။ ဟမ်...အရင်က ဒီလိုဘယ်နှခါလုပ်ဖူးလို့လဲ"

  "ဒီလိုဆို ကိုကြီးကရော မြေမခသောကို ဘာလို့ ဒီလောက်အထိ တန်းတန်းစွဲ ဖြစ်နေရတာလဲ"

  အနဂ္ဂဟာ MacBookကို စာပွဲပေါ်သို့ ပစ်တင်လိုက်ကာ ထရပ်ပြီးလျှင် အစ်ကိုဖြစ်သူကို ခနဲ့တဲ့တဲ့ ကြည့်လိုက်သည်။

  "မင်း အခုထိ နားမလည်သေးဘူးလား...သူက ငါ့ကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး။ ငါကပဲချစ်ပြီး ငါကပဲ မြတ်နိုးမိတာ။ သူနဲ့မဆိုင်တာကြောင့် မင်းသူ့ကို လွှတ်ထားပေးလို့ မရဘူးလား"

  "နေရာတကာမှာ ကာဆီးပေးနေတော့တာပါလား...ကိုကြီးရာ...​အင်းလေ...ယောကျ်ားတစ်ယောက်ဖြစ်တာတောင် အနမ်းတွေ...နှုတ်ခမ်းတွေက နူးညံ့နေသေးတာပဲ။ ဒီထက်ပိုတဲ့ ကိစ္စတွေမှာလည်း ကောင်းမွန်တဲ့ခံစားချက်မျိုး ပေးစွမ်းနိုင်မယ်ထင်ပါ့"

   "ခွပ်...! မင်းဘာလို့...ဟာကွာ...တောက်!"

   "ဒီလူ့အတွက်နဲ့...ဒီလူ့အတွက်နဲ့ ကျွန်တော်မျက်နှာကို ထိုးလိုက်တာပေါ့ အဟား"

    "......."

     "အနဂ္ဂထည်တို့ အစ်ကိုက မယားတရူးနေတာပဲ။ အဟက်...မဟုတ်သေးဘူး...အဲတာကို ဘယ်လိုပြောမလဲ...မစိုမခြောက်လား...ဟင်"

  အနဂ္ဂဟာ သွေးစို့သွားသည့် နှုတ်ခမ်းထောင့်တို့အား လက်မဖြင့်ပွတ်သပ်လိုက်ရင်း ပျက်ချော်ချော်စကားဆိုကာ အစ်ကိုအား ခပ်ရဲရဲပြန်ကြည့်လိုက်သည်။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now