part 26

53.9K 5.4K 1.8K
                                    

"ကလေးလည်း မဟုတ်တော့ဘူး အခုထိရန်ဖြစ်လို့ ကောင်းတုန်းလား"

စစ်နိုင်းက ဆေးပုလင်းဖွင့် နေရင်းဖြင့် ပြောတော့ ဒေါနက မှုန်ကုပ်ကုပ်ဖြင့် ရှိနေပြီးတော့မှ...

"အဲ့ကောင်တွေက အရင်လာစတာလေ..."

"လာစလည်း ချိတ်ချိတ်ချင်းမလို့ ချိတ်လို့ရတာပေါ့..."

စစ်နိုင်းက ဒေါန၏ ပွန်းပဲ့ ဒဏ်ရာရခဲ့သော လက်အား ဆွဲယူကာ ဆေးထည့်ပေးဖို့ ဟန်ပြင်ရင်းဖြင့် ပြောလေသည်။ဒေါနက မှုန်ကုပ်ကုပ်ဖြင့် ငြိမ်နေတော့ စစ်နိုင်းက လက်ကဒဏ်ရာကို သေသေချာချာ ဆေးထည့်ပေးသည်။စစ်နိုင်းက ဆေးထည့်ပေးနေရင်းဖြင့် ဆူဆူပူပူ ပြောနေတော့ ဒဏ်ရာနာတာကတမျိုး နားပူတာကတမျိုးဖြင့် ဒေါန၏ မျက်ခုံးလေးတွေ တွန့်ကုပ်လာရကာ...

"ထိမိရင်တော့ ငြိမှာပဲ ယောက်ျားချင်း သွေးကြောင်နေစရာ အကြောင်းမရှိဘူး.."

ဒေါန ဂျစ်တစ်တစ်ပြောတော့ စစ်နိုင်း အလိုမကျစွာ မျက်ခုံးတွန့်မိတော့သည်။စစ်နိုင်းက ဆေးရုံမှာ ညဂျူတီကျနေတာဖြစ်သည်။အဲ့ဒါကိုပဲ ဒေါနတို့ ညဖက်ကြီး ရောက်ချလာတာကြောင့် အံ့သြလို့မှ မဆုံးသေး ဂျာကင်ကို ဆွဲချွတ်ကာ ဆေးထည့်ပေးစမ်းပါတဲ့။ကလပ်မှာ ရန်ဖြစ်ခဲ့လို့တဲ့လေ။သူကတော့ ခုံကိုမှီ၍ စားပွဲပေါ် ခြေထောက်တင်ထိုင်ရင်း ပေါ့ပေါ့ပါးပါး ပြောနေလိုက်တာ စစ်နိုင်းကတော့ လက်ဖျံတစ်လျှောက် ရဲပတောင်းထနေသော သွေးများအား ကြည့်ကာ မပေါ့ပါးနိုင် ဖြစ်သွားရလေတော့သည်။

"လူမိုက်ဇက တချက်တချက် ကြွတယ်နော်..."

စစ်နိုင်းပြောတော့ ဒေါနက ဂျိုကြည့်ကြည့်လေသည်။

"ဘာဖြစ်လို့ အဲ့ဒီလောက် ပေတေနေမှန်း မသိဘူး လူဆိုးလူမိုက်လို့ သတ်မှတ်ခံရတာ တော်တော်လေး ဂုဏ်ယူစရာကောင်းနေလို့လား"

စစ်နိုင်း၏ စကားကြောင့် ဒေါန နှုတ်ခမ်းကို တွန့်မဲ့လိုက်ပြီးတော့မှ

"အဲ့ဒီ စောက်ရေးမပါတဲ့ သတ်မှတ်ချက်တွေကို ဘယ်သူက စောက်ဂရုစိုက်နေလို့လဲ."

ဒေါနဆီမှ ချက်ချင်း ထီမထင်လေသံတွေ ထွက်ပေါ်လာတော့..

"ကြည့် ပြောနေရင်းနဲ့ကို လုပ်လာပြန်ပြီ..."

Green Eye(complete)Where stories live. Discover now